8/21/2015

♪ “OPPO မှMirror 5ကိုမကြာမီ ဈေးကွက်အတွင်း ဖြန့်ချိပေးတော့မည်” ♫


OPPO မှ၎င်းတို့၏ထုတ်ကုန်သစ်ဖြစ်သော Mirror 5ကို တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့ အလယ်ပိုင်း၊ မြောက်အာဖရိကနှင့်မက္ကဆီကို အပါအ၀င်နိုင်ငံခြားဈေးကွက် ၁၅ ခုကျော်ထံသို့တင်ပို့ရောင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Mirror 5တွင်စိန်ပွင့်ပုံစံမျက်နှာပြင် တစ်ခုနှင့် နောက်ဆုံးပေါ် Android 5.1 ကိုအခြေခံထားသည့်Color OS 2.1 ကိုထည့်သွင်းအသုံးပြုထားသည်။ ဖုန်းအတွင်းပိုင်း တွင်Qualcomm Snapdragon Quad-Core processorနှင့်2GB RAM, 16 GB ROM အသုံးပြု ထားသောကြောင့်ဂိမ်းများ၊ Program များနှင့် application များကို လျင်မြန်စွာလုပ်ဆောင်နိုင် မှာဖြစ်ကာmultitaskကိုပါထည့်သွင်းပေးထား သည်။3Gနှင့်4GNetworkများကိုအသုံးပြုနိုင်မှာဖြစ်သည်။

SIM Slot နှစ်ခုပါဝင်ပြီး128 GBတိုးမြှင့်အသုံးပြုနိုင်ကာSD Card အထောက်အပံ့ပါဝင်ကြောင်း သိရသည်။ ကျောဘက်ကင်မရာ8MP ပါရှိပြီး၊ အရှေ့ကင်မရာ5 MPကိုတပ်ဆင်ပေးထားသည်။ Pure Image 2.0+ engine သစ်ကထွက်ရှိလာသော ဓာတ်ပုံများကိုကြည်လင်စေရန် စွမ်းဆောင်ပေးနိုင် မှာဖြစ်သည်။မျက်နှာပြင်အနေအထား၅လက်မပါရှိသောကြောင့်ပုံရိပ်အရည်အ သွေးနှင့် ဖျော်ဖြေရေးစနစ်များကို ကောင်းမွန်စွာ ပေးစွမ်းနိုင်မှာ ဖြစ်သည်။ ဖုန်းကိုလှုပ်ရမ်းရုံဖြင့်တူညီသည့်အရာများကိုအလိုအလျောက်စုစည်ပေးခြင်း၊စာမျက်နှာများအကြားအလျင်အမြန်ရွှေ့ပြောင်းပေးခြင်းနှင့်iconများ၊စီမံခန့်ခွဲ ခြင်းတို့အတွက်3 in 1လုပ်ဆောင်ချက်များလည်းပါဝင်ကြောင်းသိရသည်။

ထို့အပြင်ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံ၆ပုံကိုအလိုအလျှောက် ရိုက်ကူးပေးပြီး 24 megapixel ဓာတ်ပုံ တစ်ပုံအဖြစ် ပေါင်းစပ်ဖန်တီးပေးမည့် စနစ်များလည်းပါဝင်သည်။ Double Exposureနှင့် Time Lapse ကဲ့သို့သောOPPO ၏ဖန်တီးနိုင်စွမ်းရှိသော feature များအပြင် Super GIF, Panoraman, Colorful Night Shot စသည့် mode များဖြင့်လည်းအသုံးပြုနိုင်မည်ဖြစ်ကာ အဝေးမှနေ၍အိမ်သုံးအသုံးအဆောင်အမျိုးမျိုးကို ထိန်းချုပ်အသုံးပြုနိုင်ရန်အတွက် Ultra responsive remote Control လုပ်ဆောင်ချက်များကို လည်း ထောက်ပံ့ပေးထားကြောင်းသိရသည်။

ရဲလင်းစိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com