8/25/2015

အရှေ့တောင်အာရှ၏ တွန်းအားတစ်ရပ် ဖြစ်လာစေရန် Data စင်တာတစ်ခုကို စင်ကာပူတွင် Alibaba တည်ဆောက်






Alibaba သည် စင်ကာပူနိုင်ငံတွင် cloud data စင်တာသစ်တစ်ခု တည်ဆောက်ပြီး နိုင်ငံတကာစီးပွားရေး အဓိလုပ်ငန်းများအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 Alibaba ၏ cloud computing ဌာန Aliyun ၏ဒုဥက္ကဌဖြစ်သူ အီသန်ယူ ကကုမ္ပဏီအနေဖြင့် ၂၀၁၃ ခုနှစ် အရှေ့တောင် အာရှအခြေစိုက် Taobao အွန်လိုင်းတွင် ကုန်ပစ္စည်းများ အရောင်းဌာနကို စတင်ခဲ့ပြီးနောက် စင်ကာပူနိုင်ငံတွင် ဝန်ထမ်းအနည်းငယ်နှင့် အခြေစိုက်ဌာန တစ်ခုရှိပြီးဖြစ်ကြောင်း Tech in Asia သို့ ပြောကြားခဲ့သည်။ ယခုအခါတွင် စက်တင်ဘာလ အစောပိုင်းတွင် data စင်တာဖွင့်လှစ် ခဲ့ပြီးနောက် Alibaba တွင်ရုံးနေရာ လုံလောက်စွာ မရှိကြောင်းနှင့် Aliyun တိုးချဲ့မှု ထောက်ပံ့ပေးနိုင်ရန် လူအလုံအလောက် မရှိကြောင်း အီသန်ယူက ပြောကြားခဲ့သည်။

စင်ကာပူရှိ Aliyun data စင်တာသစ်သည် အဓိက ကုမ္ပဏီကြီးနှင့် startup ၏ ဝက်ဘ်ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်ကြောင်း ယုံကြည်မှုရရှိစေရန် Amazon ၏ AWS သို့မဟုတ် Softlayer ကဲ့သို့ cloud ဝန်ဆောင်မှုများနှင့် ယှဉ်ပြိုင်ရန် လိုအပ်နေသည်။ အဆိုပါ စင်ကာပူ data စင်တာသည် တရုတ်ပြည်မရှိ နေရာ ၄ ခုနှင့် ဟောင်ကောင်နှင့် Silicon Valley ရှိနေရာ ၁ ခုစီနှင့် ချိတ်ဆက်ထားသည်။

လုပ်ငန်းရှင်ပေါင်း ၁.၈ သန်းရရှိထားသည့် Aliyun သည် ဝန်ဆောင်မှု ပေးထားသူများ၏ နောက်သို့ လိုက်ပါခြင်းဖြစ်သောကြောင့် စင်ကာပူတွင် data စင်တာသစ်တစ်ခု တည်ဆောက်ရခြင်းဖြစ်ကြောင်း အီသန်ယူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု သုံးပုံနှစ်ပုံသည် အရှေ့တောင်အာရှတွင် ရှိသည်။ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် လူဦးရေ သန်း ၆၀၀ ရှိသော ဒေသအတွက် စင်ကာပူနိုင်ငံသည် ဗဟိုချက်ဖြစ်လာကြောင်း ရှုမြင်ထားသည်။

Ref: TechInAsia
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download