8/21/2015

♪ Acer Iconia A1-830 ရဲ့ အားသာချက် ၊ အားနည်းချက် ၊ ဒီဇိုင်း နှင့် အသေးစိတ်ဖော်ပြချက်များ ♫


တန်ဖိုး - ကန်ဒေါ်လာ ၁၃၂.၉၁
အားသာချက် - စတိုင်ကျလှပတဲ့ Acer Iconia A1-830 Tablet ဟာ နောက်ခံ ကျောဘက်ကို အလူမီနီယံနဲ့ ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် Storage ပမာဏ များများသုံးစွဲလိုသူများအတွက် 32GB အထိ အထောက် အပံ့ပေးနိုင်မယ့် MicroSD Slot ကိုလည်း ထည့်သွင်းပေးထားပါတယ်။

အားနည်းချက် - ဒီ Tablet ဟာ Android Version အနိမ့်ပိုင်းမှာဆိုရင် Multiple app တွေကို အသုံးပြုတဲ့အခါ မှာ စွမ်းဆောင်ရည်က လေးလံတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

သုံးသပ်ချက် - ဈေးနှုန်းချိုသာတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပြီး Screen အရွယ်အစားကလည်း သုံးစွဲသူ ကြိုက်နှစ်သက်စေမယ့် အရွယ်အစားတစ်ခု ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်ပြီး Micro HDMI Port ကိုပါ ထည့်သွင်းပေးထားတဲ့ Tablet တစ်မျိုးလည်း ဖြစ်ပါတယ်။


အသေးစိတ်ဖော်ပြချက် - Dual Core Processor ကို အသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1. 6 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ MicroSD Card ကို 32GB အထိ အထောက်အပံ့ပေးထားပြီး Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android version 4. 2 ကို အသုံးပြုထားပါတယ်။ Display Screen မှာ IPS capacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1024 x 768 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၇.၉ လက်မခန့် ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း rear camera မှာ 5 Megapixels ရှိပြီး Front Camera ကတော့ 2 Megapixels ရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆ ကတော့ 4000mAh ရှိပြီး တောက်လျှောက် အလုပ်လုပ်မယ်ဆိုရင် ၇ နာရီခွဲခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်း - ပါးလွှာတဲ့ပုံစံနဲ့ ဖန်တီးပြုလုပ်ပေးထားပြီး စပီကာကို Tablet ရဲ့ အနောက်ပိုင်းမှာ ထည့်သွင်းပေးထား ပါတယ်။ Power button နဲ့ Volume button တွေကို Tablet ရဲ့ ညာဘက်အခြမ်း အပေါ်ဘက်မှာ ထည့်သွင်း ပေးထားပါတယ်။ MicroSD slot ကို ညာဘက်အခြမ်း အလယ်နားမှာ ထည့်သွင်းပေးထားပြီး USB port နဲ့ Heardphone port ကို Tablet ရဲ့ အပေါ်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။
Ref: cnet


Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com