8/21/2015

♪ “မိမိဖန်တီးထားသော app ကိုလွတ်လပ်စွာတင်ရောင်းနိုင်မည့် dinga စတိုး” ♫

http://www.dinga.com.mm/images/screen.png

ပြည်တွင်းရှိ Android developer များအနေဖြင့် မိမိဖန်တီးထားသော application များကို လွတ်လပ်စွာတင်ရောင်းနိုင်မည့် dinga.com.mm အမည်ရှိ app store တစ်ခုကို ဖန်တီးထားကြောင်း အဆိုပါ app store ကိုဖန်တီးသူတစ်ဦးဖြစ်သည့် ကိုထူးမြင့်နောင်ထံမှ သိရသည်။

ကိုထူးမြင့်နောင်က “ ကျွန်တော် ဒီ Dinga app ကို စပြီး launch လုပ်တာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်ကပါ။ ဒီဟာကိုစနေတာကတော့ ၁ နှစ်ကျော် ၂ နှစ်လောက်ရှိပြီ။ Developerတွေ အနေနဲ့ အခမဲ့ပေးတာရော ရောင်းတာ ရော ကြိုက်တဲ့ပုံစံနဲ့ လာတင်လို့ရတယ်။ ဒီ app စတိုးက Android အတွက်ပဲ၊ iOS အတွက်တော့ အစီအစဉ်မရှိသေးဘူး။ apple ကိုက တစ်ခြား app store မှာတင်တာကို လုံးဝ ban မယ်ဆိုတဲ့ ပေါ်လစီရှိတာရယ်၊ နောက်ပြည်တွင်းမှာ iOS သုံးတဲ့သူက 10 %လောက်ပဲ ရှိတာရယ်ကြောင့်ပါ။ ပြည်တွင်း developer တွေအပြင် ပြည်ပက developer တွေရဲ့ app တွေကိုပါတင် လို့ရတယ်” ဟုပြောသည်။

အဆိုပါ app စတိုးတွင် application များတင်ရာတွင် စိတ်ကြိုက်တင်ခွင့်ရှိပြီး တရားဥပဒေနှင့် မညီခြင်းများ၊ ညစ်ညမ်းသည်များကိုသာ ပြန်လည်ဖြုတ်ချ သွားမည်ဖြစ်ကြောင်း သိရသည်။ “ ပြည်တွင်းမှာက App တွေ ကို ပိုက်ဆံနဲ့ ရောင်းဖို့ဆိုတာက သိပ်စဉ်းစားလို့မရတာဖြစ်နေတယ်။ အဲဒါကြောင့် app တွေရောင်း စရာနေရာတစ်ခုဖန်တီးပေးတာပါ၊ ရောင်းရတဲ့ ပိုက်ဆံနဲ့ ပြန်ပြီး ဖန်တီးရင် ပိုပြီး Quality ရှိတဲ့ app တွေထွက်လာမယ်လို့လည်း မျှော်လင့်ပါ တယ်။ Application နဲ့ ပတ်သက်တဲ့ Industry တစ်ခုဖြစ်လာ တဲ့အထိ လုပ်ချင်တဲ့ ဆန္ဒနဲ့ ဒီစတိုးကိုလုပ်ဖြစ်တာပါ” ဟု ကိုထူးမြင့်နောင်က ရှင်းပြ ပါသည်။

လက်ရှိတွင် beta version အနေဖြင့်ဖြစ်ပြီး Application များတင်ရန် Developer Area ကိုသီးသန့်ထားရှိပေးထားပါသည်။ Dinga App Store မှာအခမဲ့ app တွေတင်ရင် အခကြေးငွေပေးစရာ လိုမည် မဟုတ်ဘဲ အခပေး app များအတွက်ကိုတော့ 30% ကောက်ခံမည်ဖြစ်သည်။ ကိုထူးမြင့်နောင် ကပဲ “ ဒီကနေ app၀ယ်ထားပြီး In-apps တွေထပ်ဝယ်ချင် ရင် Dinga store ထဲမှာရှိတဲ့ Payment တွေဖြစ်တဲ့ ခဲခြစ်၊ PayPal ၊ Credit ကတ်တွေနဲ့ ၀ယ်လို့ရတယ်၊ ပြည်တွင်းက ဖုန်းဆိုင်တွေ မှာတော့ Dinga နဲ့ပတ်သက်တဲ့ ခဲခြစ်ကတ်ပဲဝယ်လို့ရမှာပါ။ အခုလက်ရှိမှာကို ဖုန်းဆိုင်တွေမှာ ရနေပါပြီ။ အခုလောလောဆယ် app 20 ကျော်လောက်ရှိပြီ၊ အဘိဓာန်၊ ကျောင်းသင်ခန်းစာ app တွေ၊ ဂိမ်းတွေ၊ ကီးဘုတ်တွေ၊ သတင်းနဲ့ ပတ်သက်တဲ့ app တွေ၊ ကားအရောင်းအ၀ယ် app တွေ၊ အဝေးပြေး လမ်းညွှန်၊ ရေဘေးကယ်ဆယ်ရေး app တွေရှိတယ်” ဟုဆိုသည်။

www.dinga.com.mm တွင်ဘာသာစကားအနေဖြင့် မြန်မာလိုအဆင်ပြေ သည်များကို မြန်မာလိုပြပေး ထားပြီး တစ်ချို့စာသားများတွင် English လိုပြထားပါသည်။ လက်ရှိတွင် စတိုးမှ app များကို download ရယူသူ ၁၀၀၀၀ နီးပါးရှိနေပြီဖြစ်ပြီး နောက်ပိုင်းတွင် app များရောင်းဝယ်မှုအတွက် ပိုမိုအဆင်ပြေစေရန် Payment Gateway များနှင့်ချိတ်ဆက်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com