8/18/2015

♪ iPad Mini 4 တွင် app ၂ ခု တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သော spilt-view mode ပါဝင်လာဖွယ်ရှိ ♫


iPad Mini 4 တွင် app ၂ ခု တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ကြောင်း Apple ၏ El Capitan OS ရှိ Safari 9 browser မှ resource ဖိုင်အရ သိရသည်။

Apple ၏ iOS 9 အသုံးပြုထားသော iPad Mini မျိုးဆက်သစ်တွင် iPad Air 2 တွင် အသုံးပြုနိုင်သော spilt-screen feature ပါဝင်လာမည် ဖြစ်သည်။ ဇွန်လတွင် ပြုလုပ်ခဲ့သော Wordwide Developers Conference တွင် iOS 9 ကို စမ်းသပ်ပြသခဲ့ရာ Apple သည် တစ်ချိန်တည်းတွင် app ၂ ခုအသုံးပြုနိုင်သော spilt-view feature ကို စမ်းသပ်ပြသခဲ့သည်။ ၎င်း feature သည် iOS 9 အသုံးပြုထားသော A8X ပရိုဆက်ဆာနှင့် ထပ်ဆောင်း memory ပါဝင်သည့် iPad Air 2 တွင်သာ အသုံးပြု နိုင်သေးကြောင်း Apple က ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း iPad Mini 4 တွင် ၎င်းကဲ့သို့ feature ပါဝင်လာဖွယ် ရှိကြောင်း Safari browser နှင့် ဆက်စပ်လျက်ရှိသော resource ဖိုင်တစ်ခုက ဖော်ပြနေကြောင်း 9to5Mac မှ ရေးသားခဲ့သည်။

iPad တွင် ပါဝင်လာဖွယ်ရှိသော spilt-view mode သည် Windows 10 tablet များကဲ့သို့ အသုံးဝင်သော feature တစ်ခုဖြစ်လာမည် ဖြစ်သည်။ Apple သည် စက်တင်ဘာလ ၉ ရက်တွင် iPhone သစ်များကို မိတ်ဆက်သွားဖွယ်ရှိပြီး ကုမ္ပဏီအနေဖြင့် iPad သစ်များကိုလည်း ထုတ်ဖော်ပြသ သွားဖွယ်ရှိကြောင်း Buzzfeed ကပြောကြားခဲ့သည်။
Ref : CNET


Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com