8/28/2015

Siri နှင့် ယှဉ်ပြိုင်မည့် M ဝန်ဆောင်မှုသစ်ကို Facebook စမ်းသပ်






ကမ္ဘာ့ လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook ၏ messaging app ဖြစ်သော Facebook Messenger တွင် Siri နှင့် Cortana တို့ဖြင့် ယှဉ်ပြိုင်မည့် M ဟုခေါ်သော ဝန်ဆောင်မှုသစ်ကို စတင်စမ်းသပ် ထည့်သွင်းခဲ့သည်။

M သည် သုံးစွဲသူများက ကလေးငယ်များအတွက် လက်ဆောင်ရှာဖွေခြင်းမှအစ သူငယ်ချင်းမွေးနေ့အတွက် ပန်းစည်းမှာယူခြင်းအထိ အသုံးတည့်စေမည့် အချက်အလက်များကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း Facebook မှ ဆိုခဲ့သည်။

“M က ပစ္စည်းတွေ ဝယ်ယူပေးနိုင်သလို ကိုယ်ချစ်ခင်နှစ်သက်တဲ့သူဆီကိုလည်း လက်ဆောင်တွေ ပေးပို့နိုင်ပါတယ်။ စားသောက်ဆိုင်မှာ ကြိုတင်နေရာမှာတာ၊ ခရီးသွားလာဖို့အတွက် ကြိုတင်ပြင်ဆင်တာ၊ အချိန်းအချက် ပြုလုပ်တာတွေအပြင် အခြားလုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်” ဟု Facebook ၏ messaging ဌာနမှ အကြီးအကဲဖြစ်သူ ဒေးဗစ်မားကပ်စ်က ပြောကြားခဲ့သည်။

Facebook သည် artificial intelligence (AI) ကို ထောက်ပံ့ပေးသည့် တစ်ခုတည်းသော ကုမ္ပဏီ မဟုတ်ပေ။ Apple က Siri ကို ဖြန့်ချိထားသလို Google က Google Now, IBM က Watson နှင့် Microsoft က Cortana ကို ဖြန့်ချိထားသည်။ ၎င်းတို့သည် နာမည်အမျိုးမျိုး ကွဲပြားသော်လည်း လုပ်ဆောင်ချက်မှာ တူညီသည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download