8/18/2015

♪ ၁၂ နာရီအတွင်း Redmi Note 2 ၈ သိန်းခန့် Xiaomi စံချိန်တင် ရောင်းချခဲ့ ♫


Xiaomi သည် ၁၂ နာရီအတွင်း Redmi Note 2 အလုံးရေ ၈၀၀,၀၀၀ ခန့် ရောင်းချခဲ့ရကြောင်းနှင့် ၎င်းသည် ပြည်တွင်းမိုဘိုင်းရောင်းချမှုအတွက် စံချိန်သစ်တစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ Redmi Note 2 ကို ပြီးခဲ့သည့် ရက်သတ္တပတ်က တရုတ်နိုင်ငံတွင် မိတ်ဆက်ကြေညာခဲ့ပြီးနောက် ယမန်နေ့က flash sale (၂၄ နာရီမှ ၃၆ နာရီ ကာလအပိုင်းအခြားအတွင်း ထုတ်ကုန်တစ်ခုကို ဝက်ဘ်ဆိုက်တစ်ခုမှ ရောင်းချသည့် နည်းလမ်း) ဖြင့် ရောင်းချခဲ့သည်။

၎င်းဟန်းဆက်တွင် 2GHz MediaTek Helio X10 octa-core ပရိုဆက်ဆာနှင့် ၅.၅ လက်မ 1920 x 1080 resolution display တို့ကို အသုံးပြုထားသည်။ ထို့အပြင် 2GB RAM, 16GB internal memory နှင့် 3,020mAh ဘက်ထရီတို့ဖြင့် အသုံးပြုနိုင်သည်။

ကင်မရာအနေဖြင့် Redmi Note 2 တွင် 13MP ကျောဘက်ကင်မရာနှင့် 5MP အရှေ့ဘက် ကင်မရာတို့ကို အသုံးပြုထားသည်။ Dual-SIM, 802.11ac Wi-Fi, IR blaster တို့ကို ထောက်ပံ့ပေးထားပြီး MIUI 7 သစ်ဖြင့် အသုံးပြုနိုင်ကြောင်း သိရသည်။

သြဂုတ်လ ၂၄ ရက်တွင် Redmi Note 2 ကို flash sale နည်းလမ်းဖြင့် ဒုတိယအကြိမ် ရောင်းချ မည် ဖြစ်သည်။

Ref: GSMArena

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com