12/17/2014

♪ ဖုန်းနှင့် tablet များကို ပြန်လည်မရောင်းချမီ အချက်အလက်များ ဖယ်ရှားခြင်း ♫


မိုဘိုင်းထုတ်ကုန် အဟောင်းများကို အခြားသူထံ ပြန်လည် ရောင်းချခြင်း မပြုမီ ၎င်းထုတ်ကုန်များ အတွင်းရှိ အချက်အလက်များကို ဖယ်ရှားခြင်းသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များ မသမာသူများ၏ လက်ထဲ ကျရောက်သွားမည့် ဘေးအန္တရာယ်ကို လျှော့ချပေးနိုင်သည်။ တစ်စစီ ကြေမွသွားသည့် သုံးစွဲသူ၏ မိုဘိုင်း ထုတ်ကုန်မှ အချက်အလက်များကို မဖယ်ရှားခဲ့လျှင်ပင် အခြားသူများ အနေဖြင့် အဆိုပါ အချက်အလက်များ ကို tool များ ဖြင့် ရာနှုန်းပြည့် ပြန်လည်ရယူသွား နိုင်သည်။

ထို့ကြောင့် မိုဘိုင်း ထုတ်ကုန်များကို အခြားသူ လက်ထဲ ရောင်းချခြင်း မပြုမီ အချက်အလက် ဖယ်ရှားနိုင်မည့် နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။ အချက်အလက်များ ဖယ်ရှားခြင်း မပြုမီအောက်ပါ အချက်များကို ပြု လုပ်သင့်ပါသည်။
- contact များအပါအဝင် အချက်အလက် အားလုံးကို backup လုပ်ပါ။
- SIM card ကို ဖယ်ရှားပြီး microSD card ကဲ့သို့သော external storage ကို ဖယ်ရှားပါ။
- email, social media စသည့် ဝန်ဆောင်မှုများမှ log out လုပ်ပါ။ ပြီးလျှင် အဆိုပါ app များမှ data များကို clear လုပ်ပါ။
- ထုတ်ကုန် အဟောင်းမှ mciroSD card ကို ထုတ်ကုန် အသစ်ပေါ်တွင် အသုံးပြုရန် အစီအစဉ် မရှိပါက အဆိုပါ card ပေါ်မှ အချက်အလက်များကို သီးခြား ရှင်းလင်းပါ။
- ဖုန်းနှင့် tablet များ၏ serial number များကို ဖိုင်တစ်ခုဖြင့် သိမ်းဆည်းပါ။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com