12/17/2014

♪ စမတ်ဖုန်းများကို ပေါင်းစည်းပြီး တက်ဘလက်အဖြစ် အသုံးပြုနိုင်မည့် Nanoport နည်းပညာ ♫

4

သံလိုက်ဆွဲငင်အား အသုံးပြုထားသော Hardware နှင့် Software ပေါင်းစပ်ထားသော ဥာဏ်ရည်မြင့် နည်းပညာဖြစ်သည့် Nanoport သည် စမတ်ဖုန်းများကို သံလိုက်ဖြင့် ပေါင်းစည်းနိုင်ပြီး ဒေတာများ ကူးယူပေးပို့ခြင်းနှင့် တက်ဘလက်အဖြစ် အသုံးပြုနိုင်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။

Nanoport Magnetic Connector နမူနာပုံစံကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ပြုလုပ်ခဲ့သော Consumer Electronics Show တွင် ပြသခဲ့ပြီး ၂၀၁၅ ခုနှစ် CES ပွဲတွင် စွမ်းရည်ပြည့် အလုပ်လုပ်နိုင်သော Connector ကို ပြသမည်ဟု SlashGear က ရေးသားထားပါသည်။

Nonoport နည်းပညာက စမတ်ဖုန်းများကို ပေါင်းစည်းပြီး အရွယ်ကြီးမားသော တက်ဘလက်အဖြစ် အသုံးပြုနိုင်စေမည် ဖြစ်သည်။ ထို့အတွက် စာဖတ်ခြင်း၊ ရုပ်ရှင်နှင့် ဗီဒီယိုကြည့်ခြင်းများ ပြုလုပ်လျှင် ကောင်း မွန်မည် ဖြစ်သည်။ ထို့အပြင် ပေါင်းစည်းထားသော စမတ်ဖုန်းများ အချင်းချင်း ဒေတာများ လွယ်ကူစွာ မျှဝေနိုင်မည် ဖြစ်သည်။

Nanoport နည်းပညာကို ဖုန်းအားလုံးတွင် အသုံးပြုနိုင်မည်လားဆိုသည်ကို မသိရသေးပါ။ သတင်း အချက်အလက် အသေးစိတ်ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ပြုလုပ်မည့် CES ပွဲတွင် သိရှိရမည် ဖြစ်သည်။

Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com