12/07/2014

♪ နည်းပညာဆိုင်ရာများ စုဝေးရာနေရာအဖြစ် Sule Tech ဖွင့်လှစ် ♫


နည်းပညာအသိုင်းအဝိုင်း အတွက် စုဝေးရာနေရာတစ်ခု အဖြစ် Sule Tech ကို ဒီဇင်ဘာလ ၄ ရက်တွင် စတင် ဖွင့်လှစ်လိုက်ပြီး ideabox နှင့် Phandeeyar (ဖန်တီးရာ) တို့မှ ပူးပေါင်း ဖန်တီး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ MAC Tower ၏ အပေါ်ဆုံးထပ်ရှိ အဆိုပါနေရာတွင် ရုံးများ၊ အတူလုပ်ကိုင်ရန်နေရာနှင့် အထောက်အပံ့များ၊ လေ့ကျင့်သင်ကြားရေးအတွက် အခန်းများ၊ APP သုံးစွဲသူများအတွက် တီထွင်မှုများ၊ အလုပ်ရုံအစီအစဉ်များ၊ သင်ကြားရေး အစရှိသည်တို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

“Sule Tech က နည်းပညာသမားတွေအတွက်ပဲ သပ်သပ်မဟုတ်ပါဘူး။ နည်းပညာဆိုင်ရာတစ်ခုကို ဖန်တီးဖို့အတွက် ဘယ်သူမဆို သွားလာဝင်ထွက်လို့ရတဲ့ နေရာတစ်နေရာဖြစ်ပါတယ်” ဟု ideabox Myanmar ၏ ပူးတွဲတည်ထောင်သူ ကိုကောင်းစစ်က ပြောသည်။

ပညာရေးနှင့် သင်ကြားလေ့လာရေး အစီအစဉ်များ ပြုလုပ်နိုင်မည့် နေရာလည်း Sule Tech တွင်ပါဝင် မည်ဖြစ်ကြောင်း၊ နည်းပညာဆိုင်ရာ စွန့်ဦးတည်ထောင်သူ ကုမ္ပဏီများ၊ အခြားအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အလယ်အလတ် လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းအတွက် စီးပွားရေးဆိုင်ရာ အသိပညာများကို Sule Tech တွင်ရှိသော HP ၏ LIFE e-learning အစီအစဉ်တွင် အခမဲ့ လေ့လာနိုင် မည် ဖြစ်ကြောင်း သိရသည်။ Nokia Networks ကလည်း မြန်ဆန်သော အင်တာနက်လိုင်း ရရှိစေ ရန် ဆောင်ရွက်ပေး မည်ဟု ဆိုသည်။

Sule Tech တွင် ပါဝင်လိုသူ၊ ပွဲကျင်းပလိုသူများအနေဖြင့် info@sultech.org သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com