12/07/2014

♪ Huawei ၏ နိုင်ငံတကာ အသိအမှတ်ပြု တယ်လီကွန်းဆိုင်ရာ လက်မှတ်များ မကြာမီ ပြည်တွင်းမှ ဖြေဆိုရယူနိုင်မည် ♫


Huawei ၏ နိုင်ငံတကာ အသိအမှတ်ပြု တယ်လီကွန်းဆိုင်ရာ လက်မှတ်များကို မကြာမီ ပြည်တွင်း မှပင် ဖြေဆိုရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ လက်မှတ်များကို ဖြေဆိုနိုင်မည့် စာစစ်ဌာန ကို ပြည်တွင်း၌ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

"လက်ရှိဖွင့်ထားတဲ့ HCNG နဲ့ MBB တယ်လီကွန်းသင်တန်းတွေရဲ့ နိုင်ငံတကာအသိအမှတ် ပြု လက်မှတ်တွေကို ပြည်တွင်းကနေ ဖြေဆိုနိုင်ဖို့အတွက် Exam Centre ကို ကျွန်တော်တို့ KMD အနေနဲ့ ဖွင့်လှစ် သွားဖို့ရှိပါတယ်။ ဘယ်အချိန်လောက်ဖြစ်မလဲဆိုတော့ နောက်နှစ် ဇန်နဝါရီလောက်တော့ ဖွင့်ဖြစ်ဖို့များတယ်" ဟု KMD မှ Executive Director ကိုဇော်လှိုင်ဘွားမှ ပြောသည်။

Huawei ၏ နိုင်ငံတကာအသိအမှတ်ပြုတယ်လီကွန်းလက်မှတ်များကို အွန်လိုင်းမှ တစ်ဆင့် ဖြေ ဆိုနိုင်သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံမှ ဖြေဆိုမည့်သူများအနေဖြင့်ရေးဖြေ ပုံစံဖြင့်သာ ဖြေဆိုနိုင် မည်ဖြစ်သည်။ စာမေးပွဲမေးခွန်းပုံစံမှာ မှန်သည်တစ်ခုကို ရွေးချယ်ဖြေဆို ရသည့် Multiple Choice ပုံစံမျိုးဖြစ်ကြောင်း သိရသည်။

"စာမေးပွဲကြေးအနေနဲ့ကတော့ လောလောဆယ် ဘယ်လောက်ကျဖြစ်မယ်ဆိုတာ မသတ်မှတ်ရသေးပါ ဘူး။ ပြည်တွင်းကနေ ဖြေမယ်သူတွေအနေနဲ့ အွန်လိုင်းကနေဖြေတဲ့ပုံစံမျိုးတော့ ဖြေဆိုနိုင်ဦးမှာ မဟုတ်ပါ ဘူး။ ရေးဖြေအနေနဲ့ပဲ ဖြေဆိုရမှာပါ။ ကျွန်တော်တို့ KMD အနေနဲ့ ဖြေဆိုထားတဲ့ အဖြေလွှာတွေကို ရှန်ဇန်း မှာရှိတဲ့ Huawei ရဲ့ University ကို ပို့ပေးစစ်ဆေးရမှာဖြစ်ပါတယ်။ အဲဒီလို စစ်ဆေး လို့အောင်မြင်တဲ့ သူတွေကိုမှ အောင်လက်မှတ်တွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်" ဟု ၎င်းမှ ဆက်လက်ပြောသည်။

KMD အနေဖြင့် လက်ရှိတွင် Huawei နှင့်ပူးပေါင်း၍ တယ် လီကွန်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ် သင်ကြားလျက်ရှိပြီး နောက်ပိုင်းတွင် ၎င်းသင်တန်းများ၏ အဆင့်မြင့်သင်တန်းများဖြစ သော Intermediate Course နှင့် Advanced Course သင်တန်းများကို ထပ်မံဖွင့်လှစ်သင်ကြားသွား မည်ဖြစ်ကြောင်း သိရ သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>