အကြမ်းခံတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်လျှက်ရှိသော Sonim က XP7 Android
4.4 KitKat Smartphone ကို ပြသလိုက်ပါသည်။ XP7 တွင် 4G LTE ကို
အထောက်အပံ့ပေးထားပါသည်။
XP7 သည် စစ်တပ်အဆင့် အကြမ်းခံပါသည်။ IP68 စံနှုန်း သတ်မှတ်ချက်ရှိပြီး ရေအနက် ၆.၅ ပေ အထိ မိနစ် သုံးဆယ်ကြာ ယူဆောင်နိုင်ပါသည်။ အညစ်အကြေးများ၊ ဖုန်မှုန့်များ၊ ရွှံ့များ၊ သဲများကို ကာကွယ်ပေးနိုင်ပါသည်။ အပူ၊ အအေး အလွန်မြင့်မားခြင်းကို ခံနိုင်ရည် ရှိပြီး Sonim က သုံးနှစ်အထိ အာမခံပေးထားပါသည်။
Sonim XP7 တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 400 SoC , 1GB RAM, 16GB Internal Storage ပါရှိပါသည်။ လေးလက်မအရွယ် WVGA Display ပါရှိပြီး ထိတွေ့မှုကို အာရုံခံနိုင်စွမ်းကောင်းမွန်သဖြင့် လက်အိတ်ဖြင့် အသုံးပြုနိုင်ပါသည်။ အလွန်တောက်ပသောနေရောင် . အောက်တွင် မျက်နှာပြင်ကို ကြည့်ရှုနိုင်ရန် ပြုလုပ်ပေးထားပါသည်။
အနောက်ဘက်တွင် 8MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 1MP Camera တပ်ဆင်ထားပါသည်။ 4800mAh Battery က Standby အဖြစ် အသုံးပြုလျှင် နာရီ တစ်ထောင်နှင့် ဖုန်ုးပြောဆိုလျှင် နာရီ လေးဆယ် အသုံးခံ ပါသည်။
Sonim XP7 ကို ဒေါ်လာ ၅၇၈ ဖြင့် ကြိုတင်ရောင်းချပေးနေပြီး ရေစိုခံ Bluetooth Headset ကို အခမဲ့ ရရှိမည် ဖြစ်သည်။ XP7 ကို ၂၀၁၅ ခုနှစ် မတ်လတွင် ပို့ဆောင်ပေးမည် ဖြစ်သည်။