12/10/2014

♪ စွမ်းဆောင်ရည်သင့် HTC Desire 620 ကို ထိုင်ဝမ်တွင် ကြေညာ ♫

12

HTC က စွမ်းဆောင်ရည်သင့် Desire 620 ကို ထိုင်ဝမ်တွင် ကြေညာလိုက်ပါသည်။ Dual-SIM အသုံးပြုနိုင်ပြီး Android 4.4 KitKat ကို ထည့်သွင်းထားပါသည်။ Qualcomm Snapdragon 410 SoC နှင့် MediaTek MTK MT6592 SoC စသည့် မတူညီသော Chipset နှစ်မျိုးကို ရွေးချယ်နိုင်ပါသည်။

စမတ်ဖုန်း နှစ်မျိုးလုံးတွင် ငါးလက်မ အရွယ် 720p Display , 1GB RAM, 8GB Internal Storage တပ်ဆင်ထားပါသည်။ Snapdragon အမျိုးအစားတွင် 128GB အထိ ၀င်ဆန့်သော MicroSD Card အသုံးပြုနိုင်ပြီး MediaTek အမျိုးအစားတွင် 32GB အထိဝင်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။ 2100mAh Battery ပါရှိပါသည်။

အနောက်ဘက်တွင် 1080p Video များရိုက်ကူးနိုင်သော 8MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင်ထားပါသည်။ Snapdragon အမျိုးအစားတွင် LTE ဆက်သွယ်မှုကို အသုံးပြုနိုင်သော်လည်း MTK အမျိုးအစားတွင် WCDMA ကိုသာ အမြင့်ဆုံး အသုံးပြုနိုင်ပါသည်။

Desire 620 ကို ထိုင်ဝမ်တွင် ဒီဇင်ဘာလ တစ်ရက်နေ့၌ ရောင်းချပေးမည် ဖြစ်သည်။ Snapdragon အမျိုးအစားကို ဒေါ်လာ ၂၂၅ ၊ MediaTek အမျိုးအစားကို ဒေါ်လာ ၁၆၁ ဈေးနှုန်း သတ်မှတ်ထားပါသည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com