12/12/2014

♪ Ooredoo ဆင်းမ်ကတ်အသုံးပြုသူများ ဖုန်းပြောဆိုခအတွက် ၅၀ ရာခိုင်နှုန်း အပို ထပ်ဆောင်းရရှိမည် ♫


ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar က ၎င်းတို့၏ ဆင်းမ်ကတ် အသုံးပြုသူများအတွက် ၅၀ ရာခိုင်နှုန်း အပိုထပ်ဆောင်းရရှိမည့် အစီအစဉ်ကို ယခုလ ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖုန်းကတ် အသုံးပြုသူများသည် အပိုထပ်ဆောင်းရရှိသည့် အစီအစဉ်ကို သုံးစွဲလိုပါက ဖုန်းငွေဖြည့် ကတ် ၃၀၀၀ ကျပ်မှစတင်၍ ဖြည့်သွင်းရမည်ဖြစ်သည်။ သတ်မှတ်ကာလအတွင်း အနည်းဆုံး ငွေဖြည့်ကတ် ၃၀၀၀ ကျပ်မှစတင် ဖြည့်သွင်းသူများသည် မိမိဖြည့်သွင်းလိုက်သည့် ငွေပမာဏ၏ ထက်ဝက်ကို အပိုရရှိ မည်ဖြစ်သည်။

သို့သော် အဆိုပါ အပိုရရှိသည့် ဖုန်းပြောဆိုခများအား စတင်အသုံးပြုသည့်နေ့မှ တစ်ပတ်အတွင်း အသုံးပြု သွားရမည်ဖြစ်ပြီး အပိုထပ်ဆောင်းရရှိသည့် ဖုန်းပြောဆိုခများကို အခြားဖုန်းများသို့ လွှဲပြောင်းခြင်း မပြုနိုင်ကြောင်းသိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com