12/12/2014

♪ Google Translate တွင် Unicode ဖြင့် မြန်မာဘာသာမှ ဘာသာပေါင်း ၉၀ ကျော်သို့ ဘာသာပြန်ဆိုနိုင် ပြီဖြစ် ♫

Google Translate တွင် Unicode ဖြင့် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ လည်းကောင်း၊ အင်္ဂလိပ် ဘာသာမှ မြန်မာဘာသာသို့ လည်းကောင်း ပြန်ဆိုနိုင်ပြီဖြစ်သည်။ ယနေ့မှစတင်၍ Google Translate တွင် Unicode Font ဖြင့် မြန်မာဘာသာကို အသုံးပြုနိုင်ခြင်းဖြစ်ပြီး စုစုပေါင်း ဘာသာပေါင်း ၉၀ ကျော်ကို မြန်မာ ဘာသာဖြင့် အပြန်အလှန် ပြန်ဆိုနိုင်တော့မည်ဖြစ်သည်။

Google Translate တွင် မြန်မာဘာသာဖြင့် စမ်းသပ် အသုံးပြုလိုသူများသည် translate.google.com သို့သွားရောက်ပြီး မိမိဘာသာပြန်ဆိုလိုသည့် စာလုံးများနှင့် ဝါကျများကို Unicode Font ဖြင့် စာရိုက်၍ ပြောင်း လဲလိုသည့် ဘာသာစကားကို ရွေးချယ် အသုံးပြုနိုင်ပြီဖြစ်သည်။

ယနေ့မှစတင်၍ အင်တာနက် အသုံးပြုသူများအကြား စမ်းသပ်အသုံးပြုလျှက်ရှိသော Google Translate တွင် မြန်မာဘာသာ ထည့်သွင်းအသုံးပြုပြီး ဘာသာပြန်ဆိုမှုတွင် အားနည်းချက်အချို့ရှိနေသေးပြီး ယင်းမှာ ရှည်လျားသည့် ဝါကျများတွင် ဘာသာ ပြန်စာလုံး အချို့ အထားအသို အနည်းငယ် မှားယွင်းနေသေးခြင်းဖြစ် သည်။

ယခုကဲ့သို့ Google Translate တွင် မြန်မာ Unicode ထည့်သွင်းအသုံးပြုနိုင်ခြင်းအပြင် Google Translate App တွင်လည်း အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com