12/03/2014

♪ MPT ဆင်းမ်ကတ်အား အရောင်းဆိုင်ပေါင်း ၂၇၀ ကျော်တွင် တိုက်ရိုက်ဝယ်ယူနိုင် ဟုဆို ♫


MPT ဆင်းမ်ကတ်အား အရောင်းဆိုင်ပေါင်း ၂၇၀ ကျော်တွင် တိုက်ရိုက် ဝယ်ယူနိုင်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ အရောင်းဆိုင်များမှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်ရှိပြီး MPT ဆင်းမ်ကတ် အသုံး ပြုသူများ အလွယ်တကူ ဝယ်ယူနိုင်ရန်နှင့် မှောင်ခိုဈေးကွက် ပပျောက်အောင် ဆောင်ရွက် ထားခြင်းဖြစ်သည် ဟု ထုတ်ပြန်ထားသည်။

“အရင်ကလောက် ဈေးကွက်မတွင်ကျယ်တော့ပါဘူး။ ခြောက်ထောင်လောက်ကနေ အခုလေးထောင်ပဲ ရှိတော့တယ်။ မြို့တွင်း ဆူးလေနားနဲ့ လှည်းတန်းဝန်းကျင်မှာ လေးထောင်နဲ့ ရောင်းနေကြပါတယ်” ဟု MPT ဆင်းမ်ကတ်များ ပြင်ပဈေးကွက်နှင့် ပတ်သက်၍ မိုဘိုင်းအကျိုးဆောင် လုပ်ကိုင်ခဲ့ဖူးသူ ကိုဒေးဗစ်ကပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းကို အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI ၊ Sumitomo ကော်ပိုရေးရှင်းတို့အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပထမဆုံးသော အရောင်းဆိုင်ကို ရန်ကုန်စာတိုက်ကြီးတွင် နိုဝင်ဘာလ ၁၄ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါဆိုင်တွင် MPT ဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်များကို ပြည်သူများသို့ တိုက်ရိုက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ တိုက်ရိုက်ဝယ်ယူနိုင်သော အရောင်းဆိုင်ပေါင်း ၂၇၄ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက် ဖြစ်သော www.mpt.com.mm တွင် ထုတ်ပြန်ထားသည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com