5/03/2017

♪ " လိုတရ Web Portal တွင် နာမည်ကျော်ဆရာတော်များဧ။် ဆုံးမသြ၀ါဒတရားများကို ဖတ်ရှုနားဆင်နိုင်ပြီ " ♫

No automatic alt text available.

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် တရားဓမ္မမြတ်နိုးသူ မိဘပြည်သူများအတွက် “ဗုဒ္ဓတရားတော်များ” အမည်ရ စာမျက်နှာသစ်တစ်ခုကို လိုတရ Web Portal တွင် ထပ်မံလွှင့်တင်ပေးခဲ့ပြီးအသုံးပြုသူများအနေဖြင့် ခရီးဝေးသွားရသည့်အချိန်၊ အားလပ်သည့်အချိန်များနှင့် အိပ်ယာဝင်ခါနီးအချိန်များတွင် နာမည်ကျော်ဆရာတော်များ၏ ဆုံးမသြ၀ါဒတရားများကို ဖတ်ရှုနားဆင်နိုင်ပြီဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ “ဗုဒ္ဓ တရားတော်များ” စာမျက်နှာတွင် နာမည်ကြီးဆရာတော် ၁၅ ပါးဖြစ်သည့် မိုးကုတ်ဆရာတော် ဘုရားကြီး၊ အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဘဒ္ဒန္တ သံဝရ၊ သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ၊ ဖားအောက်တောရဆရာတော်ကြီးဘဒ္ဒန္တအာစိဏ္ဏ၊ ကြာနီကန်ဆရာတော်၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ၊ သီတဂူဆရာတော်ဘုရားကြီးဦးဥာဏိဿရ၊ ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ၊ ပိုင်းလော့ ဆရာတော် အရှင်ဇေယျပဏ္ဍိတ၊ ဒေါက်တာအရှင်ဇယတိဿ
(သစ္စာပါရမီဓမ္မရာဇာတရားရိပ်သာ)၊ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)၊ ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒ၊ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၊ ဘဒ္ဒန္တသုစိတ္တာဘိဝံသ၊ ဆရာတော် ဒေါက်တာ ဓမ္မဿာမိတို့၏ ဓမ္မတရားတော်များ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် တရားအပုဒ်ရာကျော်ကို MP3 ၊ MP4 ၊ PDFs ဖိုင်များနှင့် ထောက်ပံ့ပေးထားသဖြင့် သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာကို အလွယ်တကူအခမဲ့ download ရယူနိုင်သည်။


အဆိုပါစာမျက်နှာအသစ်လွှင့်တင်လိုက်ခြင်းနှင့်ပတ်သက်၍ MPT-KSGM Joint Operations မှ Deputy Chief Commercial Officer ဖြစ်သူဦးသိန်းဟုတ်က “မြန်မာနိုင်ငံဟာအဓိကအားဖြင့် ဗုဒ္ဓဘာသာကိုကိုးကွယ်သူများ တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေရဲ့ ယုံကြည်ကိုးကွယ်မှုကလည်းအရေးကြီးကြောင်း ကျွန်တော်တို့နားလည်ထားပါတယ်။ ကျွန်တော်အနေနဲ့ တရားတော်တွေကိုအခမဲ့ ရယူနိုင်အောင် ဆောင်ရွက်ပေးထားတာကြောင့် ပြည်သူတွေအနေနဲ့ဗုဒ္ဓရဲ့ အဆုံးအမတရားတော်တွေကိုလွယ်ကူစွာဖြင့် နာယူမှတ်သား နိုင်မှာဖြစ်ပါတယ်” ဟုဆိုသည်။


“ဗုဒ္ဓတရားတော်များ” စာမျက်နှာကိုလိုတရ Web Portal မှတစ်ဆင့် ၀င်ရောက်၍ဖြစ်စေ၊ တိုက်ရိုက်လင့်ခ်http://dhamma.foc.lotayamm.com/မှတစ်ဆင့်ဖြစ် စေ ၀င်ရောက်ကြည့်ရှုနိုင်သည်။ အဆိုပါ စာမျက်နှာတွင် တရားတော်များကိုDhamma Download နှင့် Thitsarparami Society မှ ပံ့ပိုးပေးခြင်းဖြစ်ပြီးတရားတော် 300 နီးပါး ပါဝင်ကာ တရားတော်များအသစ်များကို ထပ်မံဖြည့်စွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com