5/03/2017

♪ Ooredoo မှ နှစ်ဆအထိ အပိုလက်ဆောင်ရစေမည့် Easy Top Up အစီအစဉ် ပြန်လည်စတင် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/wxg.jpg?fit=800%2C450&ssl=1

Ooredoo Myanmar မှ Easy Top-up ဖုန်းငွေဖြည့်ခြင်း ပရိုမိုးရှင်း အစီအစဉ်ကို ယနေ့ ၂၀၁၇ခုနှစ် မေလ ၂ရက်နေ့တွင် ပြန်လည်စတင်လိုက်ကြောင်းသိရသည်။

Ooredoo Myanmar ၏ မိုဘိုင်းဝန်ဆောင်မှုကိုအသုံးပြုသူအားလုံးအနေဖြင့် Easy Top-up ကို အသုံးပြုပြီး ဖုန်းငွေဖြည့်လိုက်ပါက ငွေဖြည့်သည့် ပမာဏပေါ်မူတည်ပြီး အူရီဒူးဖုန်းငွေလက်ဆောင် ၂ဆအထိ ရရှိမည်ဖြစ်သည်။ ပရိုမိုးရှင်းကာလဖြစ်သည့် ယနေ့မှ မေလ ၄ရက် (၂၃နာရီ၊ ၅၉မိနစ်၊ ၅၉စက္ကန့်) အတွင်း အချိန်မရွေးဖြည့်သွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျပ် ၃၀၀၀မှ ကျပ် ၄၉၉၉ အထိ Easy Top-up ဖြင့် ဖုန်းငွေဖြည့်ပါက ဖုန်းငွေဖြည့်တန်ဖိုး၏ ၁၀၀%ကို အပိုထပ်ဆောင်း လက်ဆောင်ရရှိမည်ဖြစ်ပြီး ကျပ် ၅၀၀၀ နှင့်အထက်ကို Easy Top-up အသုံးပြုပြီး ဖုန်းငွေဖြည့်ပါက ငွေဖြည့်တန်ဖိုး၏ ၂၀၀% ကို အပိုထပ်ဆောင်း လက်ဆောင်ရရှိမည်ဖြစ်သည်။

အဆိုပါအပိုထပ်ဆောင်းလက်ဆောင်အတွက် အသုံးပြုရန် သက်တမ်းမှာ ၃ရက်ဖြစ်ပြီး အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် သုံးသလောက်ပေး အင်တာနက်တို့အတွက် အသုံးပြုနိုင်မည့်အပြင် ငွေဖြည့်လိုက်တိုင်းတွင် Free Facebook နှင့် အူရီဒူးအချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုခွင့်တို့မှာလည်း သက်တမ်း ထပ်တိုးမှာဖြစ်ကြောင်း သိရသည်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com