Sony
က စွမ်းဆောင်ရည်မြင့် Xperia XZ Premium ကို ဥရောပမှာ
ရောင်းချပေးလိုက်ပါပြီ။ လာမယ့်အပတ်မှာ ကြိုတင်မှာယူမှုကို
စတင်ခွင့်ပြုပေးမှာဖြစ်ပါတယ် ကုမ္ပဏီက မေလကုန် သို့မဟုတ် ဇွန်လအစောပိုင်းမှာ စမတ်ဖုန်းကိုစတင်ပို့ဆောင် ပေးမှာဖြစ်ပါတယ်။
ဈေးနှုန်းကတော့ နိုင်ငံအပေါ်မူတည်၍ ယူရို 749 နဲ့ 769 အကြား ကျသင့်မှာဖြစ်ပါတယ်။ ကြိုတင်မှာယူသူ များကို MBR-100ABN Wireless Noise-Cancelling Headphones ကို လက်ဆောင်ပေးမှာဖြစ်ပါတယ်။ အဲဒီ Headphones ဟာ ယူရို 300 တန်ကြေးရှိပါတယ်။ Sony Xperia XZ Premium rSm Quick Charge 3.0 နည်းပညာပါရှိပေမယ့် နိုင်ငံအားလုံးမှာ Quick Charger ကို ထည့်သွင်း ရောင်းချမှာမဟုတ်ပါဘူး။
Sony Xperia XZ Premium ဟာ စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 835 တပ်ဆင်ထားတဲ့ အစောဆုံးစမတ်ဖုန်းများထဲမှ တစ်လုံးဖြစ်ပြီး Samsung Galaxy S8 Phones များမှာလည်း အဲဒီ Chipset တပ်ဆင်ထားတာဖြစ်ပါတယ်။ 5.5 လက်မ 4K HDR Display,19MP Selfie Camera, 13MP Rear Camera များ တပ်ဆင်ထားပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal

https://www.facebook.com/