5/10/2017

♪ " Mi 6 တွင် headphone jack မပါရခြင်းမှာ ဘက်ထရီကြီးကြီး ထည့်နိုင်ရန်ဟုဆို " ♫

No automatic alt text available.

ပြီးခဲ့သည့်လက Xiaomi သည် Mi 6 ကို တရုတ်တွင် စတင်ကြေညာခဲ့ပြီး ထိုဖုန်းတွင် ယခင် Mi ဖုန်းများကဲ့သို့ headphone jack ပါဝင်လာခြင်း မရှိကြောင်း သိရသည်။ အဘယ်ကြောင့် headphone jack ကို ချန်လှပ်ခဲ့
သလဲဆိုသည့် မေးခွန်းအတွက်ကိုမူ Xiaomi မှလည်း Apple ကဲ့သို့ပင် တူညီ သည့် အကြောင်းပြချက် ကိုပေးခဲ့သည်


Headphone jack မပါဝည့်အတွက် Xiaomi သည် အခြားပစ္စည်းများထည့်ရန် နေရာပိုရလာခဲ့ကာ ဘက်ထရီကြီး ကြီးထည့်သွင်းနိုင်လာကြောင်းဆိုသည်။ အမှန်လည်း Mi 6 တွင် ပိုမိုကြီးမား သော 3350 mAh ဘက်ထရီပါဝင်ခဲ့ပြီး ယေဘုယျအားဖြင့် အရွယ်အစားချင်း တူသော Mi 5 တွင် 3000 mAh ဘက်ထရီသာ ပါဝင်နိုင်ခဲ့သည်။ Headphone jack မပါတော့သဖြင့် Mi 6 သည် USB-C connector ဖြင့် အသံအတွက် ချိတ်ဆက်ရတော့မည်ဖြစ်ပြီး မဟုတ်ပါက Bluetooth ကိုသာ သုံးစွဲရမည်ဖြစ်သည်။ Xiaomi ၏ အလိုအရမူ USB-C audio စနစ်သည် ပို၍ ခေတ်စားလာခဲ့ပြီး အသံအရည်အသွေးလည်း ပို၍ကောင်းမွန်သည်ဟု ဆို ထားသည်။

Mi 6 တွင် 5.15” Full HD display ပါဝင်ပြီး Android 7.1.1 (Nougat) အား MIUI 8 ဖြင့် တွဲဖက်သုံးစွဲထားသည်။ Qualcomm ၏ Snapdragon 835 chip ကို သုံးထားကာ 2.45 GHz မြန်နှုန်းရှိပြီး Adreno 540 GPU ပါဝင်သည်။ Storage 64/128 GB ဖြစ်ပြီး RAM 6 GB ဖြင့် ထောက်ပံ့ပေးထားသည်။ အဓိက ကင်မရာမှာ dual 12 MP ဖြစ်ပြီး ရှေ့တွင် 8 MP ကင်မရာပါဝင်သည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com