
ဟွာဝေးကုမ္ပဏီမှ
ရှေ့ကင်မရာရော နောက်ကင်မရာပါ Leica နည်းပညာ အသုံးပြုထားသည့် P10 နှင့် P
10 Plus စမတ် ဖုန်းသစ်များအား ပြည်တွင်း တွင် စတင်မိတ်ဆက်လိုက်ပါသည်။
အဆိုပါ ဟန်းဆက်နှစ်မျိုးတွင် ကင်မရာ နည်းပညာကို ဆန်းသစ်ထားပြီး
စတူဒီယိုပုံထွက်အတိုင်း အလင်းအမှောင် ချိန်ပေးနိုင်ခြင်း၊ 3D မျက်နှာပြင်
ရှာဖွေခြင်းများ အပါအ၀င် အခြားအဆင့်မြင့်
ဖန်တီးထားမှုများ ထည့်သွင်းလာပါသည်။ အနောက်ကင်မရာအတွက် Leica
နည်းပညာသုံးထားသည့် Dual camera ပါဝင်ပြီး အရှေ့ကင်မရာအတွက် Leica
နည်းပညာပါဝင်သည့် ကင်မရာကို အသုံးပြုထားကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် P 10 အတွက် ငွေကျပ် ၇၉၉,၀၀၀ သတ် မှတ်ထားပြီး P 10 Plus အတွက် ကိုမူ ကျပ် ၉၉၉,၀၀၀ သတ်မှတ်ထားပါသည်။ P 10 အတွက် အရောင်အနေဖြင့် Prestige Gold ၊ Graphite Black နှင့် Dazzling Blue တို့ကို ရွေးချယ်ဝယ်ယူနိုင်ပြီး P 10 Plus အတွက်မူ Dazzling Gold တစ်ရောင်တည်း ကိုသာ ၀ယ်ယူနိုင်မည်ဖြစ်သည်။
ချောမွတ်တောက်ပြောင်သည့် ဒီဇိုင်းဘက်ကို ဦးတည်ထားပြီး ၆.၉၈ မီလီမီတာ အထူဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင်ကင်မရာပေါက်သည် နောက်ဘက် မျက်နှာပြင်နှင့် တစ်သားတည်းဖြစ်နေပြီး P 10 မှာ မျက်နှာပြင်အကျယ် ၅.၁ လက်မနှင့် P 10 Plus တွင် မျက်နှာပြင်အကျယ် ၅.၅ လက်မ အသီးသီး ရှိပါသည်။ Corning Gorilla 5 မှန်အကာနှင့် သေးသွယ်သော အနားစွန်းတို့ ကြောင့် Huawei P 10 Plus သည် ရုပ်ထွက်ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။
P 10 နှင့် P 10 Plusတို့၏ လက်ဗွေမှတ် ဆင်ဆာသည် ဖုန်း၏အရှေ့ဘက် Home ခလုတ်နေရာတွင်ပင် တပ်ဆင်ထားပါသည်။ ဟွာဝေး P 10နှင့် P 10 Plus စမတ်ဖုန်းများအား မေလ ၁၀ ရက်နေ့မှစပြီး ရန်ကုန်မြို့ မြန်မာပလာဇာ နှင့် မန္တလေးမြို့ Skywalk ရှော့ပင်းမောတို့တွင် နံနက် ၉ နာရီမှ စတင် ရောင်းချ သွားမည်ဖြစ်သည်။ ပထမဆုံးရောင်းချသည့်နေ့တွင် လာရောက် ၀ယ်ယူသူများအား ကျပ် ၂သိန်းခွဲကျော်တန်ဖိုးရှိသည့်
၂၄ လက်မတီဗီနှင့် Shooting Camera Box Set များအပြင် အခြားလက်ဆောင်
ပစ္စည်းများ လည်း ပေးအပ်သွားရန် စီစဉ်ထားပါသည်။ P 10 ၀ယ်ယူ သူတိုင်းအတွက်
View case နှင့် P 10 Plus ၀ယ်ယူသူတိုင်းအတွက် Leica သားရေအစစ်ဖုန်း ကာဗာ
ထည့်သွင်းပေးသွားမည်ဖြစ်သည်။ ပထမဆုံး လာရောက်ဝယ်ယူသူ အယောက် ၃၀ ကိုလည်း Huawei A1 Band များ ထပ်ဆောင်းပေးသွားမည်ဟု လည်း သိရသည်။
ထို့ပြင် P 10 နှင့် P 10 Plus၀ယ်ယူသုံးစွဲသူများအတွက်
ပြည်တွင်း Domestic Terminal 3 ၏ VIP Lounge အသုံးပြုခွင့်၊ Training
Ground Myanmar တွင် တစ်ပတ်အသုံးပြုခွင့်နှင့် Family KTV တွင်
သုံးနာရီအသုံးပြုခွင့်တို့လည်း
ရရှိနိုင်မည်ဖြစ်သည်။ P 10 နှင့် P 10 Plus တို့တွင် ပုံရိပ်ဖမ်းယူမှု
အမြန်နှုန်း နှင့် အခြားကင်မရာ စွမ်းဆောင်ရည်များ ထည့်သွင်းလာပြီး
ရိုက်ကူးမှုအတွက် အလိုအလျောက် ချိန်ညှိပေးနိုင်ခြင်း၊
အလင်းအမှောင်ပြောင်းလဲမှုနှင့် အညီလိုက်လျော ညီထွေပြောင်းပေးနိုင် မည့် အော်တိုအာရုံခံစနစ်တို့လည်း
ပါဝင်ပါသည်။ ရှေ့ကင်မရာ၏ ဆင်ဆာသည်လည်း အလင်းအားနည်းသည့် အနေအထား တွင်ပင်
အကောင်းဆုံး ရုပ်ထွက်ရရှိစေရန်နှင့် ပုံရိပ်အရည် အသွေး
မြှင့်တင်ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ကြောင်း သိရသည်။
Huawei P 10 နှင့် P 10 Plusအား ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလအတွင်း ဘာစီလိုနာတွင် ကျင်းပခဲ့သည့် MWC 2017 ပွဲတွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ဆုပေါင်း များစွာလည်း ရရှိထားသည့် စမတ်ဖုန်းများဖြစ်သည်။ ဟွာဝေးကုမ္ပဏီအနေဖြင့်
ယခုလတ် တလောတွင် Technical Image Press Association(TIPA) မှ
ချီးမြှင့်သည့် Best Photo Smart Phone ဆုကိုလည်း ရရှိထားပါသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
ဈေးနှုန်းအနေဖြင့် P 10 အတွက် ငွေကျပ် ၇၉၉,၀၀၀ သတ် မှတ်ထားပြီး P 10 Plus အတွက် ကိုမူ ကျပ် ၉၉၉,၀၀၀ သတ်မှတ်ထားပါသည်။ P 10 အတွက် အရောင်အနေဖြင့် Prestige Gold ၊ Graphite Black နှင့် Dazzling Blue တို့ကို ရွေးချယ်ဝယ်ယူနိုင်ပြီး P 10 Plus အတွက်မူ Dazzling Gold တစ်ရောင်တည်း ကိုသာ ၀ယ်ယူနိုင်မည်ဖြစ်သည်။
ချောမွတ်တောက်ပြောင်သည့် ဒီဇိုင်းဘက်ကို ဦးတည်ထားပြီး ၆.၉၈ မီလီမီတာ အထူဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင်ကင်မရာပေါက်သည် နောက်ဘက် မျက်နှာပြင်နှင့် တစ်သားတည်းဖြစ်နေပြီး P 10 မှာ မျက်နှာပြင်အကျယ် ၅.၁ လက်မနှင့် P 10 Plus တွင် မျက်နှာပြင်အကျယ် ၅.၅ လက်မ အသီးသီး ရှိပါသည်။ Corning Gorilla 5 မှန်အကာနှင့် သေးသွယ်သော အနားစွန်းတို့ ကြောင့် Huawei P 10 Plus သည် ရုပ်ထွက်ပိုမိုကောင်းမွန်စေ
P 10 နှင့် P 10 Plusတို့၏ လက်ဗွေမှတ် ဆင်ဆာသည် ဖုန်း၏အရှေ့ဘက် Home ခလုတ်နေရာတွင်ပင် တပ်ဆင်ထားပါသည်။ ဟွာဝေး P 10နှင့် P 10 Plus စမတ်ဖုန်းများအား မေလ ၁၀ ရက်နေ့မှစပြီး ရန်ကုန်မြို့ မြန်မာပလာဇာ နှင့် မန္တလေးမြို့ Skywalk ရှော့ပင်းမောတို့တွင် နံနက် ၉ နာရီမှ စတင် ရောင်းချ သွားမည်ဖြစ်သည်။ ပထမဆုံးရောင်းချသည့်နေ့တွင်
ထို့ပြင် P 10 နှင့် P 10 Plus၀ယ်ယူသုံးစွဲသူများအတွက
Huawei P 10 နှင့် P 10 Plusအား ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလအတွင်း ဘာစီလိုနာတွင် ကျင်းပခဲ့သည့် MWC 2017 ပွဲတွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီ
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/