5/05/2017

♪ တန်ဖိုးကျပ် ၉၀,၀၀၀/- ၀န်းကျင်ရှိ “Singtech Sapphire H50s” ♫

Image may contain: 1 person, text

ထိပ်တန်းစမတ်ဖုန်းများရဲ့ဈေးနှုန်းများဟာ နဂိုတုန်းက ၄သိန်း၊ ၅သိန်း ၀န်းကျင်ရှိရာမှ ယခုအခါတွင် ၁၀သိန်းဝန်းကျင် နှင့် ၁၀သိန်းအထက် ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် အကောင်းစား စမတ်ဖုန်းများကိုရွေးချယ်ဖို့ တစ်ခါ တလေတွင် ရွေးချယ်ရ ပိုမိုခက် လာကြပါတယ်။ ထုတ်လုပ်ရောင်းချသူ များဘက်ကလည်း ဈေးကွက် အတွင်း ပိုမိုနာမည်ရအောင် အမျိုးစုံသောဖုန်းများကို ရောင်းချပေးထား ပါတယ်။

ရှေ့ကင်မရာငယ်ပိုင်းစွမ်းရည်ကို အနောက်ကင်မရာထက်ပိုမို စွမ်းရည် ကောင်းအောင် ဖန်တီးပေးသလို အနောက်ကင်မရာကိုပင် Dual အမျိုးအစားဖြစ်အောင် ဆောင်ရွက်ပေးလာကြပါတယ်။ တန်ဖိုးမြင့် ဖုန်းများ ကို မ၀ယ်ယူချင်သူများအတွက်လည်း ၃-၄သိန်းဝန်းကျင်နှင့် ဖုန်းကောင်းတစ်လုံးရရှိအောင် ဖန်တီးရောင်းချပေးထား ကြပါတယ်။ ၃-၄ သိန်းဝန်းကျင် ဖုန်းများကို မ၀ယ်ယူနိုင်သူများအတွက်လည်း တစ်သိန်း ၀န်းကျင် ဖုန်းများဈေးကွက်ထဲတွင်ရှိပါ တယ်။ ထိုသို့သော ဖုန်းများဟာ အခြေခံလူတန်းစားများစွာရှိသော ဈေးကွက်အတွက် ပိုမိုအဆင်ပြေစေပါ တယ်။ တန်ဖိုးနည်းဖုန်းများကို ရောင်းချပေးထားသော အမှတ်တံဆိပ် မျိုးစုံရှိပြီး ထိုထဲကမှ Singtech တံဆိပ်ဟာ စင်ကာပူနိုင်ငံထုတ်အမျိုး အစားဖြစ် ပါတယ်။ Singtech ဟာ တန်ဖိုးမျိုးစုံရှိသော ဟန်းဆက်များကို ထုတ်လုပ်ထားပြီး ဖုန်းအများစုဟာ ဈေးနှုန်းတန်ဖိုးသက်သာလှ ပါတယ်။ ဈေးနှုန်းတန်ဖိုးချိုသာသလို စွမ်းရည်ပိုင်းလည်း သုံးစွဲရအဆင်ပြေစေ ပါတယ်။ ဖုန်းအသစ်များကိုလည်း စဉ်ဆက်မပြတ် ထုတ်လုပ်ရောင်းချလေ့ ရှိပါတယ်။ ကြော်ငြာအားကောင်းကောင်းဖြင့်လည်း သုံးစွဲသူပရိသတ်များ သိရှိအောင် ဆောင်ရွက်ထားပါတယ်။

Singtech ဟာ Sapphire ဟန်းဆက်များစွာကို ထုတ်လုပ်ပေးထားပြီး ထိုထဲကမှ အချို့သော H ဟန်းဆက်များဟာ စီးရီးအလိုက်ရှိပါတယ်။ Sapphire H50 ဟာ မျက်နှာပြင်အကျယ်အ၀န်း 5 inches ရှိပြီး ဖုန်းကိုယ်ထည်အရွယ်အစားပမာဏ ကတော့ 147.2x 72.9x8.8 mm ဖြစ်ပါတယ်။ 2G, 3G အထောက်အပံ့ပေးနိုင်မယ့် ထိုဖုန်းဟာ Dual SIM အမျိုးအစား ဟန်းဆက်ပါ။ ကြည်လင်ကောင်းမွန်သော ပုံရိပ်များကို ပေးစွမ်း နိုင်စေဖို့အတွက်လည်း ဖုန်းမျက်နှာပြင်တွင် 480x854 pixels ပမာဏထည့်သွင်းပေး ထားပါတယ်။


ဖုန်းရဲ့အဓိက,ကင်မရာဟာ 5MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP ဖြစ်ပါတယ်။ Quad core 1.3GHz စွမ်းရည်ရှိသော H50 ဖုန်းတွင် Lollipop Version ကို အသုံးပြုနိုင် ပါမယ်။ အားသွင်းသုံးစွဲရမယ့် ဘက်ထရီ အမျိုးအစားကတော့ 2100mAh ဖြစ်ပါတယ်။ Sapphire H50s ဟာ H50 ထက် ဒီဇိုင်းပိုင်းတွင် အနည်းငယ် ကွဲပြားပါတယ်။ Sapphire H50s ရဲ့ အဓိက,ကင်မရာဘောင်ဟာ ဖုန်း၏ အနောက်ဘက်ထောင့်တွင် ဆလင်ဒါပုံစံရှည်မျောမျောရှိပြီး ဘေးဘက် တွင် Flash မီးကို တပ်ဆင်ပေးထားပါတယ်။ H50s ရဲ့ အထူပမာဏဟာ အနည်းငယ်ပါးလျသွားပါတယ်။ 144x72.5x8.2 mm အရွယ်အစား ရှိသော H50s ဟာ ကိုင်ဆောင်အသုံးပြုဖို့အတွက် အဆင်ပြေစေပါလိမ့် မယ်။ ထောက်ပံ့ပေးနိုင်မယ့် Network အမျိုးအစားကတော့ GSM နဲ့ WCDMA ဖြစ်ပါတယ်။ ဆင်းကတ်များစွာကိုင်ဆောင်အသုံးပြုသူများ အဆင်ပြေစေမယ့် ဖုန်းအမျိုး အစားဖြစ်စေရန်အတွက်လည်း Dual SIM ဟန်းဆက်ဖြစ်အောင် ဆောင်ရွက်ပေးထားပါတယ်။ H50s ရဲ့ မျက်နှာပြင် အကျယ်အ၀န်းပမာဏကတော့ 5 inches ဖြစ်ပြီး၊ မြင်ကွင်းစွမ်းရည် အပိုင်းတွင် 480x854 pixels ပမာဏကို ထည့်သွင်းပေးထားပါတယ်။

ဖုန်းရဲ့အဓိက,ကင်မရာဟာ 5MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို 1GB ထည့်သွင်းပေးထားပြီး ROM ကို 8GB ဖြစ်အောင် ဆောင်ရွက်ပေးထား ပါတယ်။ ဖုန်းကို အသုံးပြုသည့်အခါတွင် လျင်မြန်သောတုံ့ပြန်မှုများ ပေးစွမ်းနိုင်စေရန်အတွက် Quad core 1.2GHz စွမ်းရည်ရှိသော CPU ကို အသုံးပြုပေးထား ပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားမှာ Android ဖြစ်ပြီး Version ကတော့ Lollipop ပါ။ USB, Wifi, Bluetooth စနစ်များ ကို အထောက်အပံ့ပေးထားသော ဖုန်းဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ 2100mAh ဖြစ်ပါတယ်။ ဖုန်းများရွေးချယ် ၀ယ်ယူသည့်အခါ၌ သုံးစွဲသူများအနေဖြင့် အရောင်ရွေးချယ်မှုများကို ဆောင်ရွက်ကြပါတယ်။ Singtech ဟာလည်း သူ၏ဟန်းဆက်များကို လှပသောအရောင်များဖြင့် ထုတ်လုပ်ပေးထားပါတယ်။ H50s ကို Gold, Silver, Black, Sky Blue ဆိုပြီး အရောင် ၄ မျိုးဖြင့် ထုတ်လုပ်ပေးထား ပါတယ်။ ဖုန်းရဲ့ တန်ဖိုးမှာ ကျပ် ၉၀,၀၀၀/- ၀န်းကျင်ရှိပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com