5/05/2017

♪ Huawei P10 နဲ့ P10 Plus ကို မေလ ၁၀ ရက်နေမှာ စတင်ဝယ်ယူနိုင်တော့မည် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/huawei-p10-and-p10-plus-main.jpg?fit=800%2C600&ssl=1

Huawei P10 နဲ့ P10 Plus မြန်မာပြည်ကို တရားဝင်ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရှိရသည်။ မေလ ၁၀ ရက်နေ့မှာ ရန်ကုန်မှာဆို Myanmar Plaza၊ မန္တလေးမှာဆို Skywalk တို့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး လာရောက် ဝယ်ယူသူတိုင်းအတွက် ၂၄ လက်မ တီဗီ နဲ့ Shooting Camera Box Set တွေကို လက်ဆောင်ပေးသွားမယ့်အပြင် P10 Plus ၀ယ်ယူသူတွေအတွက် Leica သားရေ အစစ် ဖုန်းကာဗာ၊ P10 ၀ယ်ယူသူတွေအတွက် View Case တို့ကို ပေးသွားမည်ဟု သိရသည်။ 

ထို့အပြင် ပထမဆုံး လာရောက်ဝယ်ယူသူ (၃၀)ကို Huawei A1 Band အပြင်၊နောက်ထပ်လက်ဆောင်အနေနဲ့ အယောက်30ထဲမှ ကံထူးသူ (၃) ယောက်ကိုတော့ Huawei ကနေ Surprise Gift ပေးသွားဦးမှာဖြစ်သည်။ ထိုအစီအစဉ်အား မေလ (၁၀) ရက်နေ့ တစ်ရက်တည်းသာ ရောင်းချမှာဖြစ်ကြောင်းသိရသည်။ P10 နဲ့ P10 Plus က 4.5G အထိ အသုံးပြုနိုင်သလိုကင်မရာပိုင်း ဦးစားပေးထား တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

P10 ရဲ့ အနောက်ဘက်မှာ 20MP Camera 2 လုံးနဲ့အရှေ့ဘက်မှာ 12MP Camera 1 လုံးတပ်ဆင်ထားပါတယ်။ ကင်မရာများကို Leica က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ P10 မှာ ၅.၁ လက်မ Full HD Display, Huawei Kirin 960 Octa-Core CPU, 4GB RAM, 64GB Internal Storage, 3200mAh Battery, Anroid 7.0 တပ်ဆင်ထားပါတယ်။ P10 Plus နဲ့ P10 ဟာ Specification များစွာ တူညီကြပါတယ်။ ကွဲပြားချက်မှာ P10 Plus မှာ 128GB Storage နဲ့ 6GB RAM တပ်ဆင်ထားတာဖြစ်ပါတယ်။
လက်ဗွေရာအာရုံခံကိရိယာကို အရှေ့ဘက်မျက်နှာပြင်အောက်ကို ပြောင်းရွှေ့ထားပါတယ်။ စမတ်ဖုန်းများရဲ့ ကင်မရာစွမ်းရည်ဟာ အလွန်ကောင်းမွန်ပါတယ်။ P10 ရဲ့တချို့လုပ်ဆောင်ချက်တွေဟာ မျိုးဆက်သစ် Mate series နဲ့အလွန်ဆင်တူတာကိုလည်း တွေ့ရပါတယ်။

အရောင်အသွေးအားဖြင့် Huawei P10 Plus ကို Dazzling Gold, Dazzling Blue, Graphite Black Huawei P10 ကို Prestige Gold, Dazzling Blue, Graphite Black တို့ ဖြင့် ရွေးချယ် ဝယ်ယူရရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။ ဖုန်းများ၏ဈေးနှုန်းကိုတော့ Huawei Myanmar facebook pageမှာနေ၍ရက်ပိုင်းအတွင်း ကြေငြာပေးသွားမည် ဖြစ်ကြောင်းသိရသည်။ Huawei P1၀ အကြောင်း ကို Digitaltimes ပရိသတ်တွေအတွက် တင်ကြိုရေးသားခဲ့ဖူး ပါတယ်။

Huawei P10 ထူးခြားချက် ၁၀ ချက်



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com