5/08/2017

♪ ဆယ်လီများနဲ့ Selfie ဆွဲပေးမယ့် App ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/https-2F2Fblueprint-api-production.s3.amazonaws.com2Fuploads2Fcard2Fimage2F4691742F733cb058-8c6d-4b4d-a232-2e92209f2903.jpg?fit=800%2C450&ssl=1

ကုသိုလ်လည်းရ ၊ ဆယ်လီများနဲ့လည်း Selfie Photo များ ရိုက်ကူးနိုင်မယ့် App တစ်ခု ပေါ်လာပါပြီ။ အဆိုတော် Bon Jovi နဲ့ Richie Sambora တို့ တည်ထောင်ထားတဲ့ Csnaps.org အမည်ရ ပရဟိတ အဖွဲ့အစည်းက ဖန်တီးထားတာ ဖြစ်ပါတယ်။

လူမှုကွန်ရက်များမှာ Selfie များစွာ တင်နေကြတဲ့အတွက် ဒီလို App ကို ဖန်တီးဖို့ အကြံရခဲ့တာလို့ Sambora က People Magazine ကို ပြောပါတယ်။ သူက Selfie တစ်ချက်ထဲဖြင့် ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရနိုင်ပါတယ်လို့ ဖြည့်စွက်ပြောပါတယ်။

App ကို အသုံးပြုသူများက ဆယ်လီများရဲ့ ဓါတ်ပုံများကို ၀ယ်ယူ၍ သူတို့ရဲ့ ဓါတ်ပုံမှာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဆယ်လီများကို Search Box ကနေ ရှာဖွေနိုင်ပါတယ်။ ဆယ်လီများပါတဲ့ သင့်ရဲ့ Selfie Photo ကို ဖန်တီးပြီးရင်တော့ လူမှုကွန်ရက်များမှာ မျှဝေနိုင်မှာ ဖြစ်ပါတယ်။ ဆယ်လီများရဲ့ ဓါတ်ပုံကို ၀ယ်ယူလိုက်တဲ့ သင့်ရဲ့ ငွေကြေးကို ပရဟိတ လုပ်ငန်းများမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

ပရဟိတ အဖွဲ့အစည်းရဲ့ App ဟာ ဒုက္ခရောက်နေတဲ့ လူသားများအား ကူညီပေးနိုင်တဲ့ အပြင် ဆယ်လီများနဲ့လည်း Selfie ဆွဲနိုင်တဲ့အတွက် အလွန် ကောင်းမွန်တဲ့ အိုင်ဒီယာ ဖြစ်ပါတယ်။ ဆယ်လီများက သူတို့ရဲ့ ဓါတ်ပုံများကို ပရဟိတ အဖွဲ့အစည်းအတွက် လှူဒါန်းထားတာ ဖြစ်တဲ့ အတွက် လူသားများကို တစ်ဖက်တစ်လမ်းက အကျိုးပြုနေပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com