5/08/2017

♪ Chrome Browser Extension ကို ဘယ်လို Export ပြုလုပ်မလဲ ♫


Chrome Browser မှာ အသုံးပြုတဲ့ extension ကို အခြားသူများကို ဝေမျှချင်လို့ပဲဖြစ်ဖြစ် backup အနေနဲ့ သိမ်းထားချင်တာပဲဖြစ်ဖြစ် install ပြုလုပ်ထားတဲ့ extension ဖိုင်ဖြစ်တဲ့ .crx ဖိုင် ကို export  ပြုလုပ်ထားနိုင် ပါတယ်။ Browser extension ကို export လုပ်ထားတဲ့အတွက် နောက်ပိုင်းမှာ အလွယ်တကူနဲ့ install လုပ်နိုင်သလို အခြားသူတွေကလည်း အလွယ်တကူနဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Chrome browser extension တွေကို export လုပ်ပြီး backup လုပ်ထားချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ် export လုပ်မယ့် extension ရဲ့ ID ကို မှတ်သားထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

Chrome browser extension ကို export ပြုလုပ်ဖို့အတွက် Chrome browser ရဲ့ ညာဘက်ထောင့် အပေါ်နားမှာရှိတဲ့ settingsmenu ကို နှိပ်ပါ။ ပြီးရင် extension ဆိုတာကို ရွေးချယ်ပါ။


ကိုယ် export ပြုလုပ်ချင်တဲ့ extension ရဲ့ ID ကို မှတ်သားထားပါ။

ပြီးသွားရင် အဆိုပါ ID ကို ကူးယူရန်အတွက် Win + E နဲ့ explorer ကို ဖွင့်လိုက်ပါ။ Explorer ဖွင့်ပြီးရင် Address bar မှာ C:\Users\ <Username>\AppData\Local\Google\Chrome\User Data\Default\Extensions ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။ User Name ကတော့ ကိုယ့်ရဲ့ကွန်ပျူတာမှာ သုံးထားတဲ့ user name ကို ထည့်သွင်းရပါမယ်။ Extensions ဆိုတဲ့ လမ်းကြောင်းအောက်ကို ရောက်ပြီဆိုရင် မှတ်ထားတဲ့ ID နဲ့ ဖိုင်ကို လိုက်ရှာပြီး select ပြုလုပ်ပါ။


အဆိုပါ ဖိုင်ကို အလွယ်တကူနဲ့ ပြန်လည် အသုံးပြုနိုင်ရန်အတွက် Desktop ပေါ် ခဏတင်ပေး ထားပါ။


Extension ကို Export လုပ်တော့မှာ ဖြစ်တဲ့အတွက် Settings > Extension မှာ export ပြုလုပ်ချင်တဲ့ extension ကို အမှန်ခြစ်ထည့်သွင်းပြီး select ပြုလုပ်လိုက်ပါ။ Developer Mode ကိုလည်း အမှန်ခြစ်ထည့် ထားရပါမယ်။ ပြီးသွားရင် Pack Extension ဆိုတာကို နှိပ်လိုက်ပါ။


Pack Extension pop-up တက်လာရင် Extension root directory ဆိုတဲ့နေရာမှာ Browser ကို နှိပ်ပြီး ခုနက ကူးထားတဲ့ extension ဖိုင်ကို ခေါ်ရပါမယ်။ အဆိုပါ ဖိုင်ရဲ့ version number နေရာအထိ select ပြုလုပ်ပေးရပါမယ်။


နောက်ဆုံးအဆင့်ကတော့ Pack Extension ဆိုတာကို နှိပ်လိုက်ပါ။


ကူးယူထားတဲ့ ဖိုဒါအောက်မှာ .crx ဖိုင်နဲ့ .pem ဖိုင်ကိုတွေ့ရပါမယ်။ .crx ဖိုင်ဟာ chrome browser ရဲ့ extension ပဲဖြစ်ပါတယ်။ အဆိုပါ ဖိုင်ကို ကူးပြီးပြီဆိုရင် chrome browser extension ကို export ပြုလုပ်တဲ့ အဆင့်ပြီးပြီ ဖြစ်ပါတယ်။




Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com