5/06/2017

♪ “Samsung Galaxy S8 ရဲ့ စကရင် အနီရောင် သမ်းခြင်းကို ပြုပြင်ပေးမယ့် Software Update ကို ဖြန့်ချိ” ♫

Image may contain: food

Samsung Galaxy S8 နဲ့ S8+ ပိုင်ရှင်များက စကရင် အနီရောင် သမ်းတဲ့ ပြဿနာကို ရင်ဆိုင်နေရတယ်လို့ တိုင်ကြားမှုများ ရှိခဲ့ပါတယ်။ Samsung က ဒီလမတိုင်ခင်မှာ Software Update ဖြင့် အဲဒီ ပြဿနာကို ဖြေရှင်းပေး မယ်လို့ ကတိပေးခဲ့ပါတယ်။

အခုတော့ တောင်ကိုရီးယားမှာ ဖြန့်ချိပေး လိုက်ပါပြီ။ အခြားနိုင်ငံ များအတွက်တော့ ဖြန့်ချိခြင်း မရှိသေးပေမယ့် လာမယ့် ရက်ပိုင်းအတွင်းမှာ ပြုလုပ်ပေးမယ်လို့ ယူဆရပါတယ်။ Update ရဲ့ Adaptive Display Screen Mode မှာ Settings အပိုတစ်ခု ပါလာပြီး Color Balance ကို ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။

Screen Mode Menu မှာ လည်း Screen Edge Color Balance Option အသစ် ပါလာပြီး စကရင် ထောင့်များမှာ အဖြူရောင် ရရှိ အောင် ချိန်ညှိနိုင်ပါတယ်။ Update ကို ရရှိပြီးလို့ စိတ်တိုင်းမကျတဲ့ ပိုင်ရှင်များအား အသစ်တစ်လုံး လဲလှယ်ပေး မယ်လို့ ကုမ္ပဏီက ကတိပေးထားပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com