5/06/2017

♪ “Microsoft က Surface Laptop ကိုမိတ်ဆက်” ♫

Image may contain: 1 person, standing and text

Microsoft က Windows 10 S ထည့်သွင်းထားတဲ့ Surface Laptop ကိုမိတ်ဆက်လိုက်ပါတယ်။ ၁၃.၅ လက်မလက်တော့ ဖြစ်ပြီး ကျောင်းသား များအတွက် ရည်ရွယ် ဖန်တီးထားပါတယ်။ PixelSense Display ဖြစ်ပြီး Aspect Ratio မှာ 3:2 ဖြစ်ပါတယ်။ လက်တော့များမှာထည့်သွင်းထား သမျှ LCD Touch Model များထဲမှာအပါးလွှာဆုံးလို့ ကုမ္ပဏီက ပြောပါ တယ်။ Pixels ပေါင်း ၃.၄ သန်းပါတဲ့အတွက် ရုပ်ထွက်များအလွန် ကောင်းမွန်ပြီးဒစ်ဂျစ်တယ်ဘောပင်နဲ့ တွဲဖက် သုံးနိုင်ပါတယ်။

စွမ်းဆောင်ရည်ကလည်းအလွန်မြင့်မားပြီး Intel Core i5 သို့မဟုတ် i7 Processor များကိုရွေးချယ်နိုင်ပါတယ်။ ဘက်ထရီသက်တမ်းမှာ ၁၄.၅ နာရီခံတဲ့အတွက် ကျောင်းသားများအတွက် အဆင်ပြေစေပါတယ်။ Surface Laptop ဟာ i7 MacBook Pro ထက် လျင်မြန်ပြီး MacBook Air ထက် ဘက်ထရီသက်တမ်းကောင်းမွန်တယ်လို့ ကုမ္ပဏီကပြောပါတယ်။

မော်ဒယ်များစွာထုတ်လုပ်ပေးထားပြီး SSD Storage အပိုင်းမှာ 512GB အထိ ၊ RAM အပိုင်းမှာ 16GB အထိရွေးချယ်နိုင်ပါတယ်။ i5 (7200U), 4GB of RAM , 128GB SSD Model ကို ၉၉၉ ဒေါ်လာနဲ့ စွမ်းရည်မြင့် i7, 16GB RAM, 512GB SSD Model ကို ၂၂၀၀ ဒေါ်လာသတ်မှတ်ထား ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com