5/07/2017

♪ Samsung devices တွေထဲမှာ လူသုံးအများဆုံးဖြစ်လာတဲ့ Galaxy S7 ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/wjiok.jpg?fit=800%2C450&ssl=1

Samsung Galaxy S7 ရဲ့ ရောင်းအားဟာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာ အားလုံး သိပါတယ်။ ဒါပေမယ့် မသိသေးတာက Samsung ထုတ်ခဲ့သမျှ ဖုန်းအားလုံးထဲမှာပါ Galaxy S7 က လူသုံးအများဆုံးဖြစ်လာခဲ့တယ် ဆိုတဲ့အချက်ပါပဲ။

ကြော်ငြာအေဂျင်စီတစ်ခုဖြစ်တဲ့ ScientiaMobile ရဲ့ (၂၀၁၇) ပထမ (၃)လပတ် Mobile Overview Report မှာ တစ်ကမ္ဘာလုံးက Samsung device တွေအားလုံးထဲမှာ Galaxy S7 က လူသုံးအများဆုံးဖြစ်လာကြောင်း ဖော်ပြထားပါတယ်။

Samsung ရဲ့ Galaxy S5 ဟာ အခုလိုမျိုး Samsung device တွေအားလုံးထဲမှာ လူသုံးအများဆုံး ဖြစ်ခဲ့ပြီး Galaxy S6 ကတော့ ဖြစ်မလာခဲ့ပါဘူး။ အခု Galaxy S7 က S5 ထက်ကိုကျော်လွန်ခဲ့တာဖြစ်တဲ့အတွက် Samsung အနေနဲ့ Galaxy S8 ကိုလည်း အခုလို ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com