5/08/2017

♪ Dota 2 Officail Major တစ်ခုဖြစ်တဲ့ - Kiev Major Heroes Review ♫


Dota 2 Officail Major တစ်ခုဖြစ်တဲ့ Kiev Major 2017 Tournament  ကြီးကတော့ ပြီးခဲ့တဲ့ ဧပြီ ၃၀ တုန်းက အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း King of the Major လို့ခေါ်ဆိုရတဲ့ Team OG ကပဲ Grand Final မှာ ရုရှားအခြေစိုက်အသင်းကြီး တစ်သင်းဖြစ်တဲ့ Virtus Pro ကို 3-2 ရလဒ်ဖြင့် ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့ကာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းကို ရယူခဲ့ပြီး ဖြစ်ပါတယ်။ မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ DAC 2017 Tournament အပြီး ၃ ပတ်အကြာမှာ ယှဉ်ပြိုင်ခဲ့တဲ့ KievMajor မှာတော့ ရက်အနည်း အငယ် အတွင်းမှာတင် များစွာသော ပြောင်းလဲမှုများ ထူးခြားမှု များစွာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်တွေထဲကမှ မှတ်သားဖွယ်ဖြစ်ခဲ့တဲ့ ထူးခြားချက်များ ကို စုစည်း တင်ပြသွားမှာ ဖြစ်ပါတယ်။

Pick/ Ban and Successful Heroes of the Major Dota 2 သမိုင်းကြောင်း တစ်လျှောက်မှာ ထူးခြားတဲ့ အပြောင်းအလဲ တစ်ခုလို့ ပြောလို့ ရပါတယ်။ အချိန်နဲ့တစ်ပြေးညီ အမြဲကျင်းပနေတဲ့ Dota 2 Tournament တွေဟာ လက်တလောမှာ ပြောင်းလဲသွားတဲ့ Meta ပေါ်မှာ မူတည်ပြီး Pick/ Ban အခြေအနေများဟာလည်း လိုက်ပြီး ပြောင်းလဲလေ့ရှိပါတယ်။ ယေဘုယျအားဖြင့် Hero တစ်ကောင်ကို တိုက်ရိုက်၊ Buff/ Nerf လုပ်မှုပေါ် မူတည်ပြီး အဆိုပါ Hero ဟာ Meta ထဲမှာ အဝင်အထွက် ရှိနိုင်သလို သွယ်ဝိုက်သော နည်းလမ်းဖြင့်လဲ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဥပမာ – ပြီးခဲ့တဲ့ DAC တုန်းက High impact hero တွေဖြစ်ခဲ့ကြတဲ့ Centaur Warrunner နဲ့ Slardar တို့ဟာ Kiev Major အနီးမှ ထွက်ပေါ် လာတဲ့ v7.05 Update မှာ ဘာအပြောင်းအလဲမှ မရှိသည့်တိုင်အောင် Meta အပြင်ထွက် သွားပြီး ဘယ်အသင်းကမှ အရေးတယူလုပ်ကာ Ban ခြင်း၊ Pick ခြင်းများ မရှိခဲ့တာကို အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ဒါဟာ ၎င်းတို့ကို တိုက်ရိုက် Nerf လိုက်ခြင်း မဟုတ်သည့်တိုင်အောင် ၎င်းတို့ရဲ့ အရေးအကြီးဆုံး Basic Item တစ်ခုဖြစ်တဲ့ Tranquil Boots ကို Nerf လိုက်ခြင်းက ၎င်းတို့ရဲ့ Potential ကို သွယ်ဝိုက်သောနည်းလမ်းဖြင့် များစွာ ထိခိုက်စေခဲ့ခြင်းပဲဖြစ် ပါတယ်။ Movement Speed, Hp Regen တို့ကို Buff ထားပေး သည့်တိုင်အောင် Ring of Protection နေရာမှာ Wind Lace ကို အစားထိုးပေးလိုက်ခြင်းက Tranquil Boots စပ်တဲ့ Durable Offlaner များကိုက Meta အပြင် ထွက်သွားစေခဲ့ပါတယ်။ (+2 Armor ဟာ မပြောပလောက်တဲ့ ပမာဏဖြစ်ပေမယ့် Early Game, Base Armor နည်းပါးနေချိန် မှာတော့ များစွာတန်ဖိုးရှိတဲ့ Stats တစ်ခုဖြစ်ပါတယ်။) တစ်ပြိုင်နက်တည်းမှာပဲ Premium Offlaner တစ်ကောင်ဖြစ်တဲ့ Legion Commander ဟာလည်း Kiev Major ရဲ့ ငါးကောင် မြောက် Most Pick Hero တစ်ကောင်အဖြစ် Meta ထဲ ပြန်ဝင်လာတာကို တွေ့ရမှာပါ။

Legion Commander ကို Vp က Bkb Piercing Ultimate အဖြစ် အသုံးပြုခဲ့တာကို တွေ့ရပါတယ်။ Ghost Scepter ကို တွဲဖက်အသုံးပြုမယ်ဆိုရင် 5.5 seconds ရှိတဲ့ Duration အတွင်းမှာ Enemy Team ရဲ့ Main Carry ကို မည်သည့်တိုက်ခိုက်မှုမှ မပြုစေဘဲထိန်းထားနိုင်မယ့်၊ ၎င်းရဲ့ bkb duration ကို အလဟဿ ဖြစ်စေမယ့် ပုံစံနဲ့ ကစားခဲ့တာကို တွေ့ရမှာပါ။ ဒါ့အပြင် Public Match တွေနဲ့မတူဘဲ သူမရဲ့ lvl 25 Talent ရွေးချယ်မှုကိုတော့ +40 Dual Damage အစား -8 seconds cooldown to Pressthe Attack Talent ပုံစံနဲ့ ကစား တာကို မြင်ရမှာပါ။ Press the Attack ဟာ အဓိကကျတဲ့ Debuff ဖြေပေးတဲ့ Ability ဖြစ်ပြီး Healing နဲ့ Attack Speed Boosting Ability တစ်ခုလည်းဖြစ်ပါတယ်။

အထူးခြားဆုံးကတော့ ယခင်က Situational Pick Hero တစ်ကောင်သာဖြစ်ခဲ့တဲ့ Crystal maiden ဟာ ဒီ Kiev Major ရဲ့ Most Pick Hero တစ်ကောင် အဖြစ် ထူးထူးခြားခြား မှတ်တမ်းတင်ခဲ့ပါတယ်။ DAC မှာကတည်းက Professional ကစားသမားတွေရဲ့ မျက်စိကျခြင်းကို မသိမသာ ခံခဲ့ရတဲ့ Crystal Maiden ကတော့ v7.04/ v7.05 တို့မှာ မည်သည့် Buff မှ မရရှိခဲ့သည့်တိုင်အောင် Top Pick Hero အဖြစ်ရပ်တည် နိုင်ခဲ့ပါတယ်။ သူမရဲ့ Arcane Aura ဟာ ခပ်သွက်သွက်ဆော့တဲ့ ဒီ Meta  နဲ့ကွက်တိကျနေတဲ့အပြင် အထက်မှာ ပြောခဲ့တဲ့အတိုင်း Tranquil Boots အပြောင်းအလဲ ဟာ Base Movement Speed နည်းပါးတဲ့ သူမအတွက် အ ကောင်းဆုံး အခြေခံ item ဖြစ် လာခဲ့ပါတယ်။ Hand of Midas ရဲ့ ပိုများသွားတဲ့ Reliable Gold ပမာဏ၊ Force Staff, Glimmer Cape , Escape Hero တွေကို အလွယ်တကူ ဖမ်းထားနိုင်တဲ့ Frostbite တို့အပြင် Damage, Cast Range, Respawn Time,Resistance စသည့် Talent များဟာလည်း အချိန်အတိုင်းအတာ တစ်ခုမှာ နေရာရသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွယ်ဝိုက်တဲ့ အပြောင်းအလဲများစွာ ကြောင့် နဂိုအတိုင်းရှိနေတဲ့ Support Maiden ဟာ v7.06 မှာ Major Nerf များစွာကို တိုက်ရိုက်သက်ရောက် ခံရမယ့် အလားအလာ ရှိပါတယ်။

DAC တုန်းက Top Dangerous Hero တွေဖြစ်ခဲ့တဲ့ Earthspirit နဲ့ Monkey King တို့ကတော့ ဒီ Major မှာ Win Rate နည်းပါးတဲ့ Hero တွေ list ထဲမှာ ပါဝင်ခဲ့ပြီပဲဖြစ်ပါတယ်။ Crystal Maiden ရဲ့ နောက်မှာတော့ Treant Protector, Warlock တို့က ဦးဆောင်ဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားမှုတစ်ခုက Main Event ရဲ့ Statistics များအရ Most Pick Hero အကောင် ၂ဝ မှာ Support Hero ၇ ကောင်သာ ပါဝင်ခဲ့ပါတယ်။ 2nd most pick hero ဖြစ်တဲ့ monkey king ကတော့ မည်သို့ပင် Nerf နေသည့် တိုင်အောင် Professional ကစားသမားတွေဟာ Support Hero အဖြစ် အသုံးပြုနေဆဲဖြစ်ပါတယ်။ IceFrog ဟာ Monkey King ကို Agility Carry Hero တစ်ကောင်အဖြစ် ဖန်တီးခဲ့ပေ မယ့် ၎င်းရဲ့ Tree Dance ဟာ Premium ပွဲတွေမှာ အရေးအကြီး ဆုံးဖြစ်တဲ့ Vision ကို Free ထောက်ပံ့ပေးနေတဲ့ Ability ဖြစ်နေတဲ့အတွက် Vision Provider တွေဖြစ်တဲ့ Treant Protect နဲ့ Monkey တို့ဟာ အလေးထားပြီး Ban ခံနေရတဲ့ Hero တွေ ဖြစ်နေဆဲပါပဲ။

Main Event ရဲ့ အအောင်မြင်ဆုံး၊ Win Rate အများဆုံး Hero ငါးကောင်ကတော့Slark, Terrorblade, Templar Assassin, Dark Seer, Enigma တို့ပဲဖြစ်ပါတယ်။ ၎င်းတို့ငါးကောင်မှာမှ ထိပ်ဆုံးမှာ ၈ဝ% Win Rate နဲ့ ရပ်နေတဲ့ Hero အဖြစ် ၁ဝ ပွဲဆော့ပြီး ၈ ပွဲနိုင်ထားတဲ့ Enigma က Most Reliable Win Rate Hero တစ်ကောင်ဖြစ်နေပါတယ်။ အထူးသဖြင့် Champion OG အသင်းရဲ့ Offlaner s4 အတွက် Personal Ban Hero တစ်ကောင် လည်းဖြစ်ပါတယ်။ Terrorblade နဲ့ Slark ကတော့ ၁၈ ပွဲဆော့ ၁၄ ပွဲနိုင်နဲ့ 78% win rate, Templar Assassin ကတော့ ပွဲ ၂ဝ ဆော့၊ ၁၅ ပွဲနိုင်၊ 75% win rate, Dark Seer ကတော့ ၁၂ ပွဲဆော့၊ ၉ ပွဲနိုင်၊ 75% Win Rate နဲ့ အသီး သီး ရပ်တည်နေပါတယ်။

Conclusion
ပြီးခဲ့တဲ့ Kiev Major ဟာ v7.05 ကို အဓိက အသုံးပြုပြီး ကစားခဲ့တာ ဖြစ်ပါတယ်။ ပြောင်းလဲသွားတဲ့ Hero ရွေးချယ်မှုတွေ ကတော့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်းပါပဲ။ တကယ်တော့ v7.00 update ထွက်လာပြီး ကတည်းက ကြီးမားတဲ့ version update တွေက တစ်ခုမှ မလာသေးပါဘူး။ 7.00 ကနေ 7.05 အထိဟာ သေးငယ်တဲ့ Balance Patch လေးတွေ နဲ့ ဒီ ၄လ ကျော်အတွင်းမှာ အလုပ်လုပ်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Kiev Major ပြီးပြီးချင်းမှာပဲ Wykrhm Reddy  ဟာ Dota 2 International Champion 2017 ပြိုင်ပွဲကြီး စပြီးလို့ ၎င်းရဲ့ twitter account များ ပြောကြားခဲ့ပါတယ်။ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် သြဂုတ်လမှာ ကျင်းပပေးလေ့ရှိတဲ့ TI ပြိုင်ပွဲကြီးအတွက် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုခုကို သိပ်မကြာခင်မှာ မြင်တွေ့ရဖို့ အလားအလာ တော် တော်ကောင်းနေပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့် အသစ်လာမယ့် v7.06 ဟာ Major Balance Change ဖြစ်မလားဆိုတာရယ်၊ IceFrog ဟာ ပြီးခဲ့တဲ့ Monkey King Comic မှာ ပါဝင်ခဲ့တဲ့ 4th Spirit ဖြစ်တဲ့ Tidal Spirit ကို ထည့်သွင်းပေးမလားဆိုတာ ကတော့ စိတ်ဝင်စားစရာ ကောင်း ပါတယ်။ မည်သို့ပင် ဆိုစေကာမူ မေလလယ် မတိုင်ခင်လောက်မှာ အပြည်ပြည်ဆိုင်ရာက Dota 2 Player တွေ စိတ်ဝင်စား ဖွယ်ကောင်းတဲ့ အပြောင်းအလဲတွေ အများကြီးဖြစ်ပေါ် လာဖို့က သေချာသလောက်ရှိတဲ့အတွက် မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော အပြောင်းအလဲကိုသာ မိမိနဲ့ အသားကျဖို့ အရေးကြီးပါတယ်။


-yahooyeeha




Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com