5/07/2017

♪ မြန်မာငွေ ၄ သိန်း ၁ သောင်း ၉ ထောင် တန် Oppo F3 မိတ်ဆက် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/DSC_2057.jpg?fit=800%2C532&ssl=1

မြန်မာငွေ ၄ သိန်း ၁ သောင်း တန် Oppo F3 ကို ယမန်နေ့က Melia ဟိုတယ် မှာ မိတ်ဆက် ကြော်ငြာခဲ့ပါတယ်။ OPPO ဟာ မြန်မာပြည်မှာတင်မက အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာလည်း တစ်ပြိုင်နက်တည်း မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

OPPO F3 က OPPO F3 Plus ရဲ့ အရွယ်အစာသေး ဗားရှင်းဖြစ်ပြီး ဒီဖုန်းမှာလည်း အရွယ်အစားကြီးဖုန်းလိုပဲ ရှေ့ကင်မရာနှစ်ခုပါဝင်ပါတယ်။ OPPO F3 မှာ ရှေ့ကင်မရာနှစ်ခု 16MP+8MP ပါဝင်ပါတယ်။ 8MP F/2.4 က မြင်ကွင်းကျယ် ရိုက်ကူးနိုင်ပြီး အကောင်းဆုံး အုပ်စုလိုက် Selfie ဓာတ်ပုံ ရိုက်ကူးနိုင်ပါမယ်။

ကျောဘက်ကင်မရာက 13MP 1/3 inch Sensor ဖြစ်ပြီး LED Flash ၊ PDAF နှင့် F/2.2 Lens ပါဝင်ပါတယ်။ OPPO F3 က မျက်နှာပြင် ၅.၅ လက်မဖြစ်ပြီး FullHD ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ Gorilla Glass 5 မှန်သုံးထားပါတယ်။ ဒီဖုန်းကို MediaTek MT6750 Chipset နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Octa-core CPU ပါဝင်ပါတယ်။ RAM4GB နှင့် ROM64GB ပါဝင်ပြီး microSD မှ တစ်ဆင့် 256GB အထိ တိုးမြှင့်နိုင်ပါမယ်။ ဒ့ါအပြင် SlM ကတ်နှစ်ကတ် အသုံးပြုနိုင်ပါမယ်။

OPPO F3 မှာ Android 6.0 Marshmallow အခြေခံ ColorOS 3.0 သုံးထားပါတယ်။ ဘက်ထရီက 3200 mAh ပါဝင်ပါတယ်။ microUSB 2.0 မှ တစ်ဆင့် ဖုန်းအားသွင်းနိုင်ပါမယ်။ အလျှင်အမြန်အားသွင်းစနစ် ပါဝင်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com