5/08/2017

♪ OPPO F3 - (Price – 419,000 Ks) အားသာချက် ၊ အားနည်းချက် ၊ သုံးသပ်ချက်နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ရှေ့ကင်မရာက Dual Selfie ကင်မရာဖြစ်တဲ့အပြင် ၁၂၀ ဒီဂရီ မြင် ကွင်းကျယ်အထိ ရိုက်ကူးနိုင်တဲ့အတွက် အဖွဲ့လိုက် Group Selfie စနစ်အတွက် aကာင်းမွန်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာ မြင့်မားပြီး ဖုန်းမှာပါဝင်တဲ့ Screen ကလည်း In-Cell နည်းပညာ ပါဝင်တဲ့အတွက် နေရောင် အောက်မှာတောင် ဖုန်းရဲ့မြင်ကွင်းကို ကောင်းကောင်းမြင်တွေ့ အသုံးပြု နိုင်ပါတယ်။ ဘက်ထရီ အားသွင်းခြင်းအတွက်လည်း မြန်ဆန်တဲ့ အားသွင်းစနစ်ဖြစ်တဲ့ VOOC Flash Charge စနစ်၊ မြန်ဆန်တဲ့ Fingerprint စနစ်တွေကလည်း ဒီဖုန်းရဲ့ အားသာချက်တွေဖြစ်ပြီး CPU, GPU ပိုင်းတွေ မှာလည်း မြင့်မားကောင်းမွန်တဲ့ ဖုန်းပါ။

အားနည်းချက်
ဖုန်းမှာ Radio စနစ်အတွက် FM Radio လိုစနစ်တွေ ပါဝင်တာမ တွေ့ရပါဘူး။ နောက်ပိုင်းထွက် စမတ်ဖုန်းတွေမှာ Andorid 7.0 ကိုအ သုံးပြုလာကြပေမယ့် ဒီဖုန်းကတော့ Version 6.0 ကိုပဲ အသုံးပြုရမှာပါ။

ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ OPPO ရဲ့ F3 Plus နဲ့ ဆင်တူပေမယ့် အနည်းငယ် တော့ ကွဲပြားခြားနားမှုလေးတွေ ရှိနေပါတယ်။ ကျောဘက် ကာဗာပေါ် တော့ F3 Plus လို Six String Antenna ဒီဇိုင်းမျိုးမဟုတ်ပဲ ဖုန်းရဲ့အပေါ် ဘက်နဲ့ အောက်ဘက်မှာ ပြောင်လက်တဲ့ လိုင်းစင်း တစ်ခုစီပဲပါဝင်ပါ တယ်။ စပီကာ၊ USB နဲ့ Phone Jack ဖွဲ့စည်းပုံတွေကတော့ F3 Plus နဲ့ တူတူပါပဲ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၅.၃၃ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၅၂ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၇၃ စင်တီမီတာရှိပါတယ်။ အလေးချိန်က ၁၅၃ ဂရမ် ရှိပြီး ကိုင်တွယ်အသုံးပြုချိန်မှာတော့ ပါးပြီး အလေးချိန်လည်း သိပ်မများတာကို ခံစားရမှာပါ။ Fingerprint ကတော့ Home Button နဲ့အ တူတွဲထားတာဖြစ်ပြီး F3 Plus လိုပဲ Touch Button ပုံစံမျိုး အသုံးပြုရမှာပါ။

မြင်ကွင်း
၅.၅ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး Screen Resolution ကတော့ 1080 x 1920 Pixels ရှိတဲ့ Full HD Screen ပါ။

နည်းပညာ
ကင်မရာပိုင်းမှာ တော့ ရှေ့ Selfie ကင်မရာဟာ 16 Megapixels နဲ့ 8 Megapixels Dual ကင်မရာစနစ်ဖြစ်ပြီး 120-degree wide angle စနစ်နဲ့ ရိုက်နိုင်ပြီး Group Selfie Camera အတွက် Smart Facial Recognition စနစ် လည်း ပါဝင်ပါတယ်။ 6P Lens ကိုအသုံးပြုထားတဲ့အတွက် မြင်ကွင်းကျယ် Selfie ရိုက်တဲ့အခါမှာ Distrotion ဖြစ်သွားတာတွေကိုလည်း သက်သာစေပါတယ်။ Screen အလင်းအမှောင်ကို အလိုအလျောက်ချိန်ညှိပေးနိုင်တဲ့စနစ်ပါဝင်ပြီး ပြင်ပနေရောင်အောက်မှာတောင် ဖုန်းရဲ့ မြင်ကွင်းကို ကောင်းမွန်စွာမြင် တွေ့အသုံးပြုနိုင်မှာပါ။ ၅ မိနစ် အားသွင်းရုံနဲ့ ၂ နာရီလောက် ဖုန်းပြောလို့ရနိုင်တဲ့ အားသွင်းနှုန်း မြန်ဆန်တဲ့ Fast battery charging: (VOOC Flash Charge) စနစ်၊ ထိတွေ့မှုကို 0.2 စက္ကန့်အတွင်း တုန့်ပြန်နိုင်ပြီး 360 ဒီဂရီ အသုံးပြုနိုင်တဲ့ မြန်ဆန်တဲ့ Fingerprint စနစ်တွေ ပါဝင်ပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ် ဆိုရင်တော့ F3 ဟာရှေ့ ကထွက်ခဲ့တဲ့ F3 Plus နဲ့ ရှေ့ကင်မရာပိုင်း အသုံးပြုနိုင်ပုံချင်းနဲ့ အရည်အသွေးက မကွာခြားပါဘူး။ ဒါ့အပြင် မှတ်ဉာဏ်ပိုင်းမှာလည်း F3 Plus နဲ့ တူတူပါပဲ။ CPU, GPU ပိုင်းနဲ့ Screen အရွယ်အစားပိုင်း၊ ဖုန်းဘက်ထရီ ပိုင်းတွေမှာတော့ F3 Plus နဲ့ကွာခြားပါတယ်။ နောက် ဘက်ကင်မရာပိုင်းမှာလည်း F3 Plus ထက် Megapixels နည်းပါတယ်။ ဒါပေမယ့် ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ F3 ဟာ F3 Plus ထပ်ပိုပြီးတော့ သုံးပျော်တယ် တန်တယ်လို့ ခံစားရစေမှာပါ။ Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း သုံးနိုင်တာကလည်း F3 Plus ထပ်ပိုပြီး ကောင်းမွန်တဲ့ အချက်တစ်ခုပါ။

Network        GSM – 2G/ 3G/ 4G
SIM                 Dual SIM (Nano Sim Dual Standby)
OS                   Android OS, v6.0
CPU               Octa-core 1.5 GHz Cortex-A53
GPU               Mali-T860MP2
Memory       Internal 64GB, 4GB RAM, Micro SD 128GB
Camera        13 MP, phase detection autofocus, OIS, LED flash, 1/2.8″ sensor size, geo-tagging,                                     touch focus, face detection, HDR, panorama, Video, Front Dual 16 MP +
8 MP, f/2.0,  1/3″  sensor size

Wi-Fi            802.11 a/b/g/n/ac, dual-band,Direct,hotspot
Bluetooth   4.1, A2DP, LE
Battery        Li-Ion 3200 mAh Battery


သူတို့အမြင်
D Mobile (YGN)
F3 ထွက်လာတဲ့အချိန်မှာ နည်းနည်းတော့ စိတ်ဝင်စားနေတာ ပေါ့နော်။ ကင်မရာပိုင်းက တူတူပဲဖြစ်ပြီး ဈေးကကွာတော့ အဲဒါကို တော့သဘောကျတယ်။ ရှေ့ကင်မရာက F3 Plus နဲ့ တူတူပဲ။ Memory ကလည်း တူတူပဲ။ ဈေးကတော့ F3 Plus ထပ်ပိုပြီးသက် သာတဲ့အတွက် ဒါက သုံးပျော်တယ်လို့ ပြောလို့ ရတယ်။ နောက်ကင် မရာမှာ နည်းနည်းကွာသွားသလို CPU, GPU ပိုင်းတွေနဲ့ ဘက်ထရီ ပိုင်းတွေမှာလည်း F3 Plus ထက် နည်းနည်းနိမ့်သွားတာတော့ရှိ တယ်။ နည်းနည်းနိမ့်သွားတယ် ဆိုပေမယ့် သိပ်အဆိုးကြီး ဖြစ်သွားတာမျိုးတော့ မဟုတ်ဘူးပေါ့။ ပြီးတော့ F3 ကဒီဇိုင်းပိုင်းနဲ့ ကိုင်ရတဲ့ အပိုင်းမှာပိုပြီး ကောင်းလာတယ်လို့ ခံစားရတယ်။ Sim Card နှစ် ကတ်လုံးရော SD Card ရော သုံးလို့ရတာကလည်း ကောင်းတဲ့အချက်ပါပဲ။

မဝတ်ရည်စိုး (စမ်းသပ်အသုံးပြုသူ)
မိန်းကလေးတွေကတော့ Selfie ကြိုက်ကြတဲ့ သူတွေဆိုတော့ F3 ကိုလည်း သဘောကျကြမယ်လို့ ထင်တယ်။ ကျွန်မလည်းသဘော ကျတယ်။ F3 Plus တုန်းကတော့ မဝယ်ဖြစ်လိုက်ဘူး။ ရှေ့ကင်မရာ နှစ်လုံးနဲ့ Selfie ရိုက်လို့ ရတော့ ကြိုက်တယ်။ တစ်ယောက်ချင်းရော အများနဲ့ရော ရိုက်လို့ရတာကို သေဘာကျတယ်။ ပြီးတော့ လူမျက်နှာတွေ ဖောင်းသွားတာ၊ တွန့်သွားတာတွေ သိပ်မဖြစ်ဘူး အဲဒါကို လည်း သေဘာကျပါတယ်။ Memory ပိုင်းလည်း ကြိုက်တယ်။ ဖုန်း ထဲမှာပါတဲ့ CPU တို့ GPU တို့ကတော့ သိပ်ပြီး ကျွမ်းကျွမ်းကျင်ကျင် နားမလည်ပေမယ့် သူ့မှာပါတဲ့ CPU နဲ့ GPU ကလည်း မဆိုးဘူး။ ကောင်းပါတယ်။ ဘက်ထရီပိုင်းမှာ F3 Plus နဲ့ တူတူလောက်ဆိုရင် ပိုကောင်းမယ်လို့ ထင်တယ်။

ကိုကျော်ကျော်နိုင် (စမ်းသပ်အသုံးပြုသူ)
ဒီဖုန်းကို သုံးသပ်ကြည့်ရမယ် ဆိုရင်တော့ F3 က F3 Plus နဲ့ ရှေ့ကင်မရာပိုင်း၊ Memory ပိုင်းတွေမှာ တူတူပဲ သုံးလို့ရနေပြီး ဈေးနှုန်းကလည်း F3 Plus ထပ် တော်တော်လေး နည်းတဲ့အတွက် ဒီအချက်ကတော့ သုံးပျော်တယ်လို့ ပြောလို့ ရတဲ့ အချက်တစ်ခုလို ပါပဲ။ နောက်ဘက်ကင်မရာပိုင်းမှာ နည်းနည်းကွာသွားတယ်လို့ဆို ပေမယ့်လည်း သိပ်အများကြီး ကွာသွားတာမျိုးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ဈေးနှုန်းအရ ကြည့်မယ်ဆိုရင်တော့ နောက်ကင်မရာနည်းနည်း ကွာတာရယ်၊ CPU, GPU နည်းနည်း ကွာတာရယ်က မပြောပ လောက်ဘူးလို့ ထင်မိတယ်လေ။ F3 Plus ထပ်ဈေးက တော်တော် လေးသက်သာနေတယ်။ ဘက်ထရီပိုင်းမှာ F3 Plus နဲ့တူတူဆိုရင် ပိုပြီးတောင်ကောင်းအုံးမယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း သုံးနိုင်တာကလည်း ကောင်းတဲ့အချက် တစ်ခုပဲ။

Selfie ရိုက်တဲ့အချိန်မှာ Wide စနစ်နဲ့ ပုံမှန် Selfie စနစ်ကို သုံးတဲ့သူက ကိုယ်တိုင်ချိန်ပြီး ရိုက်နိုင်ပါတယ်။ ရှေ့ကင်မရာကို ဖွင့်လိုက်တာနဲ့ Selfie ကိုပုံမှန်နဲ့ Wide လိုသလိုချိန်နိုင်တဲ့ Icon ပါပါတယ်။ ဒီ Icon ကိုနှိပ်ကြည့်လိုက်တဲ့ အချိန်မှာပုံမှန် Selfie ဆိုရင် ပုံက ကိုယ်တစ်ယောက်တည်းလောက်ကို သီးသန့် မြင်ကွင်းကြီးကြီးနဲ့ မြင်ရပြီး Wide ပြောင်းလိုက်ရင်တော့ Group Selfie အတွက် မြင်ကွင်းကျယ်ပုံစံမျိုး ပြောင်းသွားမှာပါ။



Wide Angle ကို 120 ဒီဂရီအထိ ရနိုင်ပြီး Group Selfie အတွက် Smart Facial Recognition စနစ်လည်း ပါပါသေးတယ်။ နောက်ထပ် အချက်တစ်ချက်ကတော့ ရှေ့ကင်မရာက နှစ်လုံးဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်ပြီးတဲ့အချိန်ကျမှ ပုံပေါ်မှာ ကိုယ်မလိုချင်တဲ့ နောက်ခံ Background တွေကို ဝါးသွားအောင် လုပ်နိုင်တဲ့ စနစ်လည်း ပါပါတယ်။ ရှေ့ကင်မရာမှာ GIF စနစ်ပါလာပြီး GIF တွေကိုဖန်တီးတဲ့ အခါမှာ Postive နဲ့ Reverse (အတည့်အတိုင်းနဲ့ ပြောင်းပြန်လှုပ်ရှားမှု) ဆိုပြီး နှစ်မျိုး သုံးနိုင်ပါတယ်။

ရှေ့ကင်မရာမှာ Timelapse, video, photo, Beauty, Panorama, Various Filters, Duoble Exposure, Screen Flash ဆိုတဲ့စနစ်တွေပါပါတယ်။ နောက်ကင်မရာမှာတော့ Ultra HD, Various Filters, Gif, Double Exposure, Manual စနစ်ရိုက်နိုင်တဲ့ Expert Mode ဆိုတဲ့ စနစ်တွေနဲ့ Timelapse, video, photo, Beauty, Panorama ဆိုတဲ့ စနစ်တွေပါပါတယ်။




Gesture & Motion စနစ်ထဲမှာ OPPO ရဲ့ Gesture စနစ်တွေကို အသုံးပြုနိုင်ပါတယ်။



ဖုန်းကို အချိန်ကြာကြာ ကြည့်တဲ့အခါမှာ မျက်စိကို အလင်းကာကွယ်ပေးနိုင်တဲ့ စနစ်ဖြစ်တဲ့ Eye protection display ဆိုတဲ့စနစ်မှာလည်း အလင်းရဲ့န့န်းကို အသုံးပြုသူစိတ်ကြိုက် သတ်မှတ်အသုံးပြု နိုင်ပါတယ်။



Settings စနစ်ထဲမှာရှိတဲ့ Photo ထဲမှာတော့ ဓာတ်ပုံတွေကနေ ဖြစ်လာတဲ့ Cache ဖိုင်တွေကို ဝင်ရောက်ရှင်းလင်းနိုင်ပါတယ်။








Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com