5/08/2017

♪ iPhone မှာ App က Cache တွေကိုဘယ်လိုရှင်းမလဲ ♫


iPhone မှာ ထည့်သွင်းထားတဲ့ အချို့ app တွေဟာ အချိန်အနည်းငယ်အသုံးပြုပြီးတဲ့အခါမှာ cache တွေများလာပြီး storage ပိုင်းကို သိမ်းဆည်းနိုင်မှုလျော့နည်း လာစေတယ်ဆိုရင် ဖော်ပြထားတဲ့ နည်းလမ်း အတိုင်း cache တွေကို ရှင်းလင်းနိုင်ပါတယ်။

Cache တွေကိုရှင်းတဲ့အခါမှာ နည်းလမ်းနှစ်သွယ်နဲ့ ရှင်းနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ ဥပမာ အနေနဲ့ Snapchat ကိုအသုံးပြုတယ်ဆိုရင် chat လုပ်ထားတာတွေနဲ့ ဓာတ်ပုံတွေကို ရှင်းလင်းတဲ့နည်းလမ်းဖြစ် ပါတယ်။ ဒါကတော့ app cache ထဲမှာ data ပမာဏ လျော့နည်း သွားဖို့အတွက် သိပ်တော့မလွယ်ပါဘူး။ 

နောက်ထပ်နည်းလမ်းကတော့ re-download ပြုလုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ ပထမဆုံး Settings > General > Storage & iCloud Usage > Manage Storage ဆိုပြီးအဆင့်လိုက်သွားပါ။ Cache များနေတဲ့ app ကိုရှာဖွေပြီး Delete App ဆိုတာကို နှိပ်လိုက်ပါ။ ဒီနေရာမှာ mobile data နဲ့သုံးစွဲသူများ အနေနဲ့ ဒီလိုမျိုးပြုလုပ်ဖို့တော့ အဆင်ပြေစေမှာမဟုတ်ဘူး။ အခမဲ့ အသုံးပြုနိုင်တဲ့ Wi-Fi တွေကို သုံးစွဲသူများအတွက်သာ သင့်တော်ပါ တယ်။

Delete လုပ်ပြီးပြီဆိုရင် အဆိုပါ app ကို ပြန်ပြီး download လုပ်ပါ။ Login တစ်ခါထပ်လုပ်ပါ။ ပြီးရင် အဆိုပါ app ရဲ့ app size ကို info မှာသွားကြည့်ပါ ဒါဆိုရင် cache အများအပြားရှိနေတာကို ရှင်းလင်းပြီးပြီဖြစ်ပါတယ်။
တစ်ကယ်လို့ ပိုက်ဆံသုံးစွဲပြီးဆော့ဖ်ဝဲဝယ် အသုံးပြုချင်တယ်ဆိုရင် PhoneClean ဆိုတဲ့ဆော့ဖ်ဝဲဟာ Windows အတွက်ရော Mac အတွက်ပါရှိပါတယ်။ Pro version ကို တစ်နှစ်စာ ၁၉.၉၉ နဲ့ဝယ်ယူ အသုံးပြုနိုင် ပါတယ်။




Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com