5/03/2017

♪ “Ooredoo Smart 12 4G Lux Star ၀ယ်ယူပါကလက်ဆောင်များစွာ ရရှိမည်” ♫

Image may contain: text

အူရီဒူးမှ Smart 12 4G Lux Star ဟန်းဆက်ဝယ်ယူသူများအတွက် အထူးအစီအစဉ်တစ်ခုကို ပြုလုပ်ပေးလိုက်သည်။ Smart 12 4G Lux Star သည် ငွေကျပ်တစ်သိန်းကျော်သာ ကျသင့်မည်ဖြစ်ပြီး ဟန်းဆက် ဝယ်ယူသူများအနေဖြင့် လက်ဆောင်များစွာရရှိမည်ဖြစ်သည်။

အဆိုပါ Smart 12 4G Lux Star ဖုန်းသည် ၁၁၉,၉၉၉ ကျပ်သာကျသင့်မည် ဖြစ်ပြီး ၀ယ်ယူသူများအနေဖြင့် အူရီဒူးဆင်းကတ်လက်ဆောင်၊ တစ်လ တစ်ခါ ၅၀၀၀ ကျပ်ငွေဖြည့်ပါက လစဉ်ငွေဖြည့်လက်ဆောင် တစ်သောင်း ကျပ် ကိုလည်း ၁၂ လတိတိရရှိ မည်ဖြစ်ကာ Nonstick cooking set သုံးမျိုးတစ်စုံစသည်တို့ကိုလည်း ရရှိမည်ဖြစ်သည်။

Smart 12 4G Lux Star သည် 4G အင်တာနက် ကွန်ရက်ကိုအသုံးပြုနိုင်ပြီး ဆင်းကတ်နှစ်ခု လည်းထည့်သွင်းအသုံးပြုနိုင်မည်ဖြစ် ကာ မျက်နှာပြင် အရွယ်အစား မှာ ၅.၅ လက်မ ရှိကာ Android Version 5.1ဖြစ်သည်။ Quad-core CPU, RAM 1GB ထည့်သွင်းပေးထားပြီး ROM မှာ 8 GB ဖြစ်သည်။

အဓိကကင်မရာကို 13MP တပ်ဆင်ထားပြီး ရှေ့ကင်မရာကတော့ 8MP ပါ။ အဆိုပါအစီအစဉ်ကို ဧပြီလ ၂၅ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံ တစ်ဝန်းရှိ အူရီဒူးစတိုးဆိုင်များနှင့် ပရိုမိုးရှင်းကြော်ငြာကပ်ထားသည့် ဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပြီး ပစ္စည်းလက်ကျန်ရှိ သည်အထိ လက်ဆောင်ပစ္စည်းများကို ရရှိနိုင်မည်ဖြစ်သည်။



ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com