5/05/2017

♪ " OnePlus 5 တွင် Dual Camera ပါဝင်မည်ဟု သတင်းများထွက်ပေါ် " ♫

No automatic alt text available.

ယခုနှစ်၏ Flagship Killer ဖုန်းမှာ OnePlus 5 ဖြစ်မည်ဖြစ်ပြီး OnePlus 4 ထွက်လာမည်မဟုတ်ကြောင်း သိရသည်။ OnePlus 5 ၏ ပုံအချို့ပေါက်ကြားမှုရှိခဲ့ပြီး ထိုပုံတွင် Dual Camera ပါဝင်ခဲ့သည်။ OnePlus 3 နှင့် 3T တွင် ပါဝင်သောသတ္တုနှင့် ပုံစံမျိုးကိုပင် ပြန်၍မြင်ကြရမည်ဖြစ်သည်။ အောက်ဖက်ပိုင်းတွင် အင်တာနာလိုင်း ကို တွေ့ရသဖြင့် သတ္တုနှင့်တည်ဆောက်သောပုံစံမှာ ပို၍သေချာစေခဲ့သည်။ 

ကျောဘက်တွင် Fingerprint Scanner မပါသဖြင့် ရှေ့ဘက်တွင်ပါဝင်မည်ဟု ယူဆနိုင်သည်။ OnePlus 3T ကဲ့သို့ပင် 16MP Selfie Camera ကို သုံးစွဲထားမည်ဟု ယူဆနိုင်သည်။ OnePlus 5 နှင့်ပတ်သက်သော Hardware သတင်းများ ထပ်မံထွက်ပေါ်ခဲ့ခြင်းမရှိသော်လည်း ယခင်သတင်းများအရ 5.5” QHD Display ပါဝင်လာမည်ဟု ဆိုသည်။ 2017 အတွက် ထိပ်တန်း Chip များထဲမှ တစ်ခုဖြစ်သည့် Qualcomm ၏ Snapdragon 835 Chipset ကို သုံးစွဲမည်ဟု ဆိုထားပြီး RAM 6GB ထိ ပါဝင်လိမ့်မည်ဟု ဆိုသည်။

Storage 256GB ထိ ပါဝင်မည်ဟုဆိုပြီး 3000 mAh ဘက်ထရီသုံးစွဲထားကြောင်း သိရသည်။ OnePlus 5 မှာ 7mm သာအထူရှိကြောင်း ဆိုသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com