5/05/2017

♪ Android 7.0 နဲ့သုံးနိုင်မယ့် ကမ္ဘာ့အသေးဆုံး 4G စမတ်ဖုန်း Jelly ♫


လူသိနည်းတဲ့ ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီ Unihertz ဟာ ကမ္ဘာ့အသေးဆုံး 4G စမတ်ဖုန်းအတွက် Kickstarter ကနေ ရန်ပုံငွေကောက်ခံရာမှာ ၂၄ နာရီအတွင်း လျာထားချက်ပြည့်မီခဲ့တယ်လို့ သိရပါတယ်။


Unihertz ကုမ္ပဏီဟာ Jelly လို့ခေါ်တဲ့ ကမ္ဘာ့အသေးဆုံး 4G စမတ်ဖုန်းအတွက် ရန်ပုံငွေ ဒေါ်လာ ၃၀,၀၀၀ ရရှိရန် လျာထားခဲ့ပါတယ်။ လျာထားချက်ကိုပြည့်မီဖို့အတွက် ၅၇ မိနစ်သာကြာမြင့်ခဲ့ပြီး အခုအချိန်မှာ ရန်ပုံငွေ ဒေါ်လာ ၂၄၀,၀၀၀ ကျော်ရရှိထားပါတယ်။


Jelly ရဲ့တန်ဖိုးက 1GB RAM/8GB Storage အတွက် ၁၀၉ ဒေါ်လာဖြစ်ပါတယ်။ 2GB RAM/16GB Storage ပါဝင်တဲ့ Jelly Pro အတွက် ၁၂၅ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ တင်ပို့ရောင်းချမှုကိုတော့ သြဂုတ်လမှာ စတင်မယ်လို့ ဆိုပါတယ်။

Jelly စမတ်ဖုန်းမှာ ၂.၄၅ လက်မ TFT LCD display ကိုအသုံးပြုထားပါတယ်။ Pixel သိပ်သည်းဆက 201ppi ပါ။ 1.1GHz quad-core processor ကိုအသုံးပြုထားပြီး microSD card slot ကနေတစ်ဆင့် 32GB အထိ တိုးမြှင့်နိုင်ပါတယ်။


ကင်မရာအနေနဲ့ ကျောဘက်မှာ 8-megapixel ကင်မရာပါဝင်ပြီး အရှေ့ဘက်မှာတော့ 2-megapixel sensor ကို အသုံးပြုထားပါတယ်။ SIM-slot နှစ်ခုက AT&T နဲ့ T-Mobile ကွန်ရက်တွေမှာ 4G နဲ့ အသုံးပြုနိုင်ပါတယ်။ ဘက်ထရီက 950mAh ဖြစ်ပြီး standby အနေနဲ့ ၇ ရက်ကြာ သုံးနိုင်မယ်လို့ ဆိုပါတယ်။ ချိတ်ဆက်မှုအပိုင်းမှာတော့ GPS, Bluetooth 4.0, Wi-Fi 802.11 a/b/g/n တို့ပါဝင်ပါတယ်။ Onboard sensor တွေအနေနဲ့ Gyroscope, G-Sensor, Compass တို့ပါဝင်တယ်လို့ သိရပါတယ်။



Credit to ==> Internet Journal
 



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com