5/11/2017

♪ " စရံငွေ (30,000) ကျပ်ပေးသွင်းကာ OPPO F3 Smartphone ကို Pre-Order မှာယူနိုင်ပြီ " ♫

Image may contain: phone and text

ယခုအခါ ပြည်တွင်းဈေးကွက်တွင် OPPO F3 Smartphone ကို စရံငွေ (30,000) ကျပ်ပေးသွင်းကာ Pre-Order မှာယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ Pre-Order မှာယူသူတွေကို မေတ္တာလက်ဆောင်အနေဖြင့် Selfie Stick, Earphone အပြင် အခြားလက်ဆောင်ပစ္စည်းများလည်း ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

ရွှေရောင်တစ်မျိုးတည်းကိုသာ ၀ယ်ယူရရှိနိုင်မည်ဖြစ်ကာ ဈေးနှုန်းမှာ ငွေကျပ် (419,000) ဖြစ်သည်။ F3 Smartphone ဧ။် မျက်နှာပြင်အရွယ်အစားက (5.5) လက်မရှိကာ Full HD In-Cell Display ကို အသုံးပြုပေးထားသည်။ 16MP + 8MP Dual Selfie Camera ပါရှိပြီး Beautify 4.0 နည်းပညာကိုပါ ထည့်သွင်းပေးထားသည်။ ဖုန်းတွင်းလုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့ Octa-Core Processor နှင့်အတူ RAM 4GB, ROM 64GB တို့က အကောင်းမွန်ဆုံးဖြစ်အောင် ထောက်ပံ့ပေးမည်ဖြစ်သည်။

Dual Sim အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် Slot (3) ခုပါ Card Tray ပါရှိတာကြောင့် Sim Card နှစ်ကတ်အပြင် Micro SD Card ကိုပါ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သည်။ အဆိုပါ Smartphone ကို မေလ (13) ရက်နေ့တွင် ဈေးကွက်အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com