5/10/2017

♪ “KMD Institute Engineering for Kids သင်တန်းနှင့် Facebook for Kids သင်တန်းများ ဖွင့်လှစ်သွားမည်” ♫

Image may contain: 7 people, people smiling

KMD Institute မှ ကလေးများအတွက်အချိန်တိုတိုနှင့် အကျိုးရှိစေရန်အတွက် Robotics Engi-neering for Kids သင်တန်းနှင့် Facebook for Kids သင်တန်း များကို သင်တန်းကာလအတိုဖြင့် ဖွင့်လှစ် သင်ကြားပေးနေလျှက် ရှိသည်ဟုသိရသည်။ကလေးများအတွက် ဥာဏ်ရည်ဥာဏ်သွေးမြင့်မားစေရန်၊ တီထွင်ဖန်တီးနိုင်မှု တိုးတက် လာစေရန် အတွက် Robotics Engineering for Kids သင်တန်းကို သင်ကြားရခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါသင်တန်းတွင် စက်ရုပ်တစ်ရုပ်ကို လက်တွေ့ဖြုတ်တပ်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကာ စက်ရုပ်အား ထိန်းချုပ် အသုံးပြုရန်အတွက် လိုအပ်သော Software များကို လည်း သင်ကြားရမည်ဖြစ်သည်။ သင်တန်းတွင် ကလေးတစ်ဦးလျှင်စက်ရုပ်၊ Notebook တစ်စုံစီဖြင့်သင်ကြားရမည်ဖြစ်ပြီး Teamwork ရရှိစေရန်အတွက် လည်း ပျော်ရွှင်ဖွယ်ရာ Project များဖြင့် ထည့်သွင်း သင်ကြားပြသသွားမည် ဖြစ်သည်။

Facebook for Kids သင်တန်းကိုတော့ Facebook Application ကို စတင်အသုံးပြုမည့် ကလေးငယ်များအနေဖြင့် ဘေးဥပဒ် မဖြစ်စေဘဲ အကျိုးရှိရှိအသုံးချနိုင်စေဖို့အတွက်နှင့် မိမိကိုယ်ကို လုံခြုံမှုရှိစေရန်အတွက် Facebook အသုံးပြု ရာတွင် လိုက်နာရမည့်အချက်များ Do & Don’t များကို လက်တွေ့ကျကျ သင်ကြားပြသပေး သွားမည်ဖြစ်ကာ Facebook for Kids အတွက် သင်ခန်းစာများကို Facebook ၏ Rules & Regulation များ, Help Tips များနှင့် FAQ များကို ပေါင်းစပ်ကာ ပြုလုပ်ပေးထားသောကြောင့် Facebook ကို စတင်အသုံးပြုမည့်ကလေးနှင့် လူငယ်များအပြင် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်မည့်သင်တန်းဖြစ်သည်။

အဆိုပါ သင်တန်းတစ်ခုချင်းစီအတွက် သင်တန်းကာလမှာ ၅ ရက်သာ ကြာမြင့်မည်ဖြစ်ပြီး တစ် နေ့တွင် သင်ကြားချိန် ၃ နာရီ ကြာမြင့်မည်ဖြစ်သည့် အတွက် ကျောင်းစာများကို လေ့လာနေရသော ကလေး ငယ်များအတွက် ပြင်ပဗဟုသုတများကိုလည်း ရှာဖွေနိုင်အောင်စီစဉ်ထားခြင်းဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ၀၁-၃၈၁၀၃၅၊ ၁၀-၅၂၇၄၃၆၊ ၅၀၂၂၃၃၊ ၀၁-၂၂၀၅၅၅၊၂၃၀၃၀၈၁၊ ၀၁၅၄၁၃၂၈၊ ၀၁-၅၂၄၄၀၀၊ ၅၀၅၃၉၉၊ ၀၁-၃၈၄၂၆၈ များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 



ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com