5/09/2017

♪ “Facebook Messenger မှာသူငယ်ချင်းများနဲ့ Games ကစားနိုင်ပြီ” ♫

Image may contain: phone

Facebook က Messenger အတွက် Instant Games ကိုယခင်နှစ် နိုဝင်ဘာလက မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်မှ လူများသာ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကမ္ဘာအ၀န်းမှ Messenger အသုံးပြုသူ ၁.၂ ဘီလီယမ်ဟာ Messenger မှာသူငယ်ချင်းများနဲ့ ဂိမ်းကစားနိုင်ပါပြီ။ Facebook က အဲဒီစွမ်းဆောင်ချက်ကို တစ်ကမ္ဘာလုံး အတွက် တဖြည်းဖြည်းချင်း ဖြန့်ချိမှာ ဖြစ်တဲ့ အတွက် နိုင်ငံအပေါ် မူတည် ၍ ရက်သတ္တပတ် အနည်းငယ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ဂိမ်းအသစ်များကိုလည်း Facebook က ထည့်သွင်းပေးလိုက်ပါတယ်။ သင်နေထိုင်တဲ့ နိုင်ငံအပေါ် မူတည်၍ ကစားနိုင်မယ့် ဂိမ်းများကွာခြားမှာ ဖြစ်ပါတယ်။ လက်ရှိမှာစုစုပေါင်းဂိမ်း ၅၀ ကိုထည့်သွင်းပေးထားပြီး အပတ်စဉ်တိုင်းဂိမ်းအသစ်များကိုထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ သူငယ်ချင်းများနဲ့ Vocabulary များဖော်ထုတ်ရမယ့် Words with Friends ကိုကစားနိုင်ပြီ ဖြစ်ပြီးEverWing, 8 Ball Pool တို့ကိုမကြာမီ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

ဂိမ်းများမှာ Levels အသစ်များ၊ ဆုများကိုချီးမြှင့်ပေးမယ့် Game Bots များကိုလည်း Developers များကထည့်သွင်းနိုင်ပါတယ်။ EverWingဟာ Game Bots ထည့်သွင်းထားတဲ့ ပထမဆုံးဂိမ်း ဖြစ်ပြီး Words with Friends ကတော့ သူငယ်ချင်းနဲ့ တစ်လှည့်စီယှဉ်ပြိုင်ကစားရတဲ့ ပထမဆုံး ဂိမ်း ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com