5/12/2017

♪ ထမင်းမစားပဲ နေနိုင်တယ် ဖုန်းမသုံးဘဲ မနေနိုင်ဘူး ဆိုတဲ့ အဆိုတော်နီနီခင်ဇော်

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/NiNiKhinZaw.jpg?fit=960%2C583&ssl=1

မြန်မာပြည်ရဲ့အမျိုးသမီးအဆိုတော်တွေထဲက အသံပါဝါကောင်းတဲ့သူတစ်ယောက်။ မကြာသေးခင်ကမှ သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကလည်း တော်တော်ကိုအောင်မြင်ခဲ့တယ်။ သူကတော့ အဆိုတော် နီနီခင်ဇော် ဖြစ်ပါတယ်။နီနီခင်ဇော်နဲ့တွေ့တုန်း သူမရဲ့ဂီတလှုပ်ရှားမှုနဲ့အတူ ဖုန်းအကြောင်းလေးတွေ ကို အခုလို မေးခဲ့ပါတယ်။

Q. နီနီကို OPPOရဲ့ Ambassador လိုသိရပါတယ်။ အခုလိုရွေးခံရတဲ့ အပေါ် နီနီရဲ့ရင်ထဲက စကားသံ လေးကိုကြားချင်ပါတယ်။
နီနီကို အခုလို့ OPPO ကရွေးချယ်တဲ့အတွက် ဝမ်းသာပါတယ်။ နီနီတို့အနုပညာရှင်တွေက အမြဲတမ်း မှတ်တမ်းတင် ဓာတ်ပုံလေးတွေရိုက်ရတော့ နီနီတို့အတွက် ကင်မရာကြီးကို အမြဲသယ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက် ကင်မရာကောင်းတဲ့ဖုန်းတစ်လုံးလိုပါတယ်။ ဖုန်းဆိုတာက အမြဲကိုယ်နဲ့ ပါတယ်။ အခုလို OPPO ကကင်မရာ အရမ်းကောင်းတော့ နီနီတို့အတွက်အရမ်းအဆင်ပြေတယ်။

Q. အခုရောဘယ်ဖုန်းကိုင် ထားလဲ။
နီနီအခု  OPPO ရဲ့ Model အသစ်လေး F3Plus ကိုင်ထားပါတယ်။ ကင်မရာအရမ်းကောင်းတယ်။ အရင်တုန်းက A37 လိုပဲ Beauty Mode ကထည့်ထားပြီးသား အဲဒီမှာမှ lens က wide lens ဆိုတော့ အရမ်းမိုက်သွားတယ်။ ရှုခင်းရိုက်ချင်တာတို့ သူငယ်ချင်းတွေနဲ့ selfie ရိုက်ချင်တာတို့ ဆိုရင် အရမ်း လွယ်သွားတယ်။

Q. ကိုယ်ရဲ့တစ်နေ့တာအတွက် ဖုန်းကိုဘယ်လိုသုံးဖြစ်လဲ။
ဖုန်းကလေ နီနီအတွက် အနီးကပ်ဆုံးအရာပဲ ထမင်းမစားပဲနေနိုင်တယ်။ ဖုန်းမကြည့်ပဲမနေနိုင်ဘူး။ ဖုန်းက အခုခေတ်မှာ မရှိမဖြစ် ပစ္စည်းလိုဖြစ်နေပြီ။

Q.ဖုန်းထဲမှာ ဘယ်လို APP တွေထည့်သုံးဖြစ်လဲ။
နီနီအတွက်ကတော့ အများကြီးမသုံးဖြစ်ဘူး။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရမယ့်ဟာပေါ့။ Messenger သုံးဖြစ်တယ်။ Viber သုံးဖြစ်တယ်။ တစ်ယောက်နဲ့တစ် ယောက် group ဖွဲ့ပြီးပြောလို့ ရတာတွေပိုရှိတယ်။ အလှအပနဲ့ ပတ်သက်တာ ကင်မရာနဲ့ပတ်သက်တာ မရှိဘူး။ ဖုန်းကင်မရာမှာ အကုန်ပါပြီးသားဆိုတော့လေ။ ကျန်တာတော့ သိပ်မရှိဘူး။

Q.အင်တာနက်ရော နေ့စဉ်သုံးဖြစ်လား။
သုံးဖြစ်တယ်။ နီနီပရိတ်သက်တွေနဲ့ အင်တာနက်ကနေပဲ ဆက်သွယ်ရတာဆိုတော့လေ။ တချို့အလုပ်ကိစ္စလေးတွေလည်း အင်တာနက်ကပြောတာတွေ လည်းရှိတော့ အင်တာနက်ကို နေတိုင်းသုံးရတယ်။

Q.ဆိုရှယ် မီဒီယာတွေ ခေတ်စားလာတဲ့အပေါ် နီနီအမြင်ကိုပြောပြပေးပါလား။
ကောင်းတဲ့ဘက်က သုံးမယ်ဆိုရင် အများကြီးသုံးလိုရတယ်။ မကောင်းတဲ့ဘက်က သုံးမိရင် မကောင်းတာတွေဖြစ်နိုင်တယ်။ အဲဒီအတွက် ကိုယ်ရဲ့ရွေးချယ်မှုနဲ့အများကြီး ဆိုင်ပါတယ်။

Q. အခုနောက်ပိုင်း ဖုန်း Brand တွေအများကြီးထွက်လာတဲ့အပေါ် နီနီအမြင်ကို ပြောပြပေးပါလား။
သုံးစွဲတဲ့သူတွေအတွက်တော့ ရွေးချယ်စရာ အရမ်းများသွားတာပေါ့နော်။ ဒီထဲမှာမှ ဈေးနှုန်းသင့်တင့်ရမယ်။ သုံးရတာ အဆင်ပြေရမယ်။

Q.လက်တလော ဂီတလှုပ်ရှားမှုကို ပြောပြပေးပါလား။
နီနီရဲ့တစ်ကိုယ်တော်ခွေအတွက် သီချင်းတွေ လုပ်နေပါတယ်။ နီနီက ၁၀လပိုင်းဆို ခွေထွက်နေကျ ဆိုတော့ ၁၀လပိုင်း ခွေထွက်နိုင်အောင် ကြိုးစားနေပါတယ်။

Q. နီနီရဲ့တစ်ကိုယ်တော် ရှိုးပွဲလေးက ထင်ထားတာထက် အောင်မြင်ခဲ့တယ်ဆိုတော့ နောက်ထပ်ရော လုပ်ဖြစ်အုံးမလား။
တစ်နှစ်တစ်ခါတော့ လုပ်ဖို့စီစဉ်နေပါတယ်။ နီနီဘက်က အကောင်းဆုံး အသစ်အဆန်းတွေ ပေးနိုင်မှ လုပ်မှာပါ။ မပေးနိုင်သေးရင် မလုပ်သေးပါဘူး။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com