5/12/2017

♪ ၂၀၁၇ ပထမသုံးလပတ်မှာ ကမ္ဘာ့အရောင်းရဆုံး Android စမတ်ဖုန်းအဖြစ် ရပ်တည်ခဲ့တဲ့ OPPO R9s ♫


OPPO ရဲ့ R9s စမတ်ဖုန်းဟာ ၂၀၁၇ ခုနှစ် ပထမသုံးလပတ် (ဇန်နဝါရီလမှ မတ်လအထိ) ကမ္ဘာ့အရောင်းရဆုံး Android ဖုန်းစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

OPPO ဟာ R9s ကို ဈေးကွက်အချို့မှာသာ ရောင်းချခဲ့ပေမယ့် ပထမသုံးလပတ်အတွင်းမှာပဲ အလုံးရေ ၈.၉ သန်း ရောင်းချခဲ့ရပါတယ်။ ပထမသုံးလပတ် ကမ္ဘာ့အရောင်းရဆုံး စမတ်ဖုန်းစာရင်းမှာတော့ R9s က iPhone 7 နဲ့ iPhone 7 Plus တို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။



iPhone 7 ရောင်းအားက ၂.၁၅ သန်းရှိခဲ့ပြီး iPhone 7 Plus ကိုတော့ ၁၇. ၄ သန်း ရောင်းချခဲ့ရပါတယ်။ အဲ့ဒီစာရင်းမှာပါဝင်တဲ့ ပထမဆုံး Samsung ဟန်းဆက်က Galaxy J3 (2016) ဖြစ်ပြီး အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ Galaxy J3 ရဲ့ ရောင်းအားက ၆.၁ သန်းဖြစ်ပြီး အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့တဲ့ Galaxy J5 ရဲ့ရောင်းအားကတော့ ၅ သန်း ဖြစ်တယ်လို့ သိရပါတယ်။



Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com