3/04/2017

♪ “Xiaomi က ပိုမြန်သော LTE ပါတဲ့ Redmi 4X ကို မိတ်ဆက်” ♫

Image may contain: phone

တရုတ်နိုင်ငံမှာ ပိုမြန်တဲ့ LTE နဲ့ Snapdragon 435 Chipset တပ်ဆင်ထားတဲ့ Redmi 4X ကို Xiaomi က မိတ်ဆက်လိုက်ပါတယ်။ Redmi 4X ဟာ Redmi 4 နဲ့ ဒီဇိုင်း တူညီပါတယ်။ Redmi 4X မှာ ၅ လက်မ HD Display တပ်ဆင်ထား ပါတယ်။ Qualcomm Snapdragon 435 Chipset ထည့်သွင်းထားပြီး Octa-Core 1.4GHz A53 Processor ပါရှိပါတယ်။ GPU ကတော့ Adreno 505 ဖြစ်ပါတယ်။

Redmi 4X Model အသစ်မှာ တစ်စက္ကန့်လျှင် 300Mb နှုန်းဖြင့် ဒေါင်းလုပ် ပြုလုပ်နိုင်ပြီး တစ်စက္ကန့်လျှင် 100Mb နှုန်းဖြင့် Upload ပြုလုပ်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင် ထားပါတယ်။ Dual-SIM Phone ဖြစ်ပြီး VoLTE ဆက်သွယ်မှုကို ထောက်ပံ့ ပါတယ်။ 4100mAh Battery တပ်ဆင်ထားပါတယ်။ Android Marshmallow ကို MIUI 8 ဖြင့် ပေါင်းစပ်ထားပါတယ်။

2GB RAM/16GB Storage Model နဲ့ 3GB RAM/32GB Storage Model များ ထုတ်လုပ်ပေးထားပါတယ်။ ပန်းရောင်၊ ရှန်ပိန်ရွှေနဲ့ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။ တရုတ်မှာ 16GB Model ကို ဒေါ်လာ ၁၀၀ နဲ့ 32GB Model ကို ဒေါ်လာ ၁၃၀ သတ်မှတ်ထားပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com