3/04/2017

♪ “KENBO Hero One” Price - 84,800 Ks ♫

Image may contain: phone

KENBO Smartphone ကနေ Series အလိုက် မိုဘိုင်းဖုန်းများ ထုတ်လုပ် ရောင်းချပေးလျက်ရှိပြီး ယခုဖော်ပြ ပေးမှာကတော့ Fingerprint စနစ်ပါတဲ့ Hero One ဖုန်းအကြောင်းပဲဖြစ်ပါတယ်။ ဈေးနှုန်းသက်သာ၍ ကင်မရာ function ပိုင်းကောင်းမွန်သော ဖုန်းတစ်လုံးကိုဝယ်ယူချင်သူများအနေဖြင့် Hero One ကိုရွေးချယ်သင့်ပါတယ်။ ကိုင်ဆောင်အသုံးပြုရတာလည်း သက်သောင့်သက်သာရှိပါတယ်။

Hero One ရဲ့ မျက်နှာပြင်အကျယ်အ၀န်း ဟာ 5 inches ရှိပြီး၊ ဖုန်းရဲ့ပုံစံကတော့ နောက်ကျောဘက်တွင် အနည်းငယ် ကွေးညွှတ်ပေးထားတဲ့သဏ္ဌာန်ရှိပါတယ်။ ထို့ကြောင့် ဖုန်းကိုင်ဆောင်တဲ့ အခါမှာ ပိုမို၍ သက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ ဂိမ်းကစားခြင်းနှင့် အင်တာနက်သုံးသည့်အခါများတွင် ဖုန်းဟာ ထစ်ငေါ့ နေမယ်ဆိုရင် အဆင်ပြေ စေမှာမဟုတ်ပါဘူး။ Hero One တွင် MT6735V Quad-core 1GHz CPU နှင့် MaliT720 GPU တို့ကို ထည့်သွင်းပေးထားသောကြောင့် ထစ်ငေါ့ခြင်းမရှိဘဲ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ RAM ပမာဏအနေဖြင့် 2GB ကိုထည့်သွင်းပေးထားပါတယ်။

ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်း၊ Application နှင့် အခြားသောဒေတာများကို ဖုန်းအတွင်းမှာပိုမိုထည့်သုံးနိုင်စေဖို့ အတွက် 16GB ROM ကို Hero One တွင်ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ လှပပြီး သုံးလို့ကောင်းတဲ့ ကင်မရာ function များကိုလည်း Hero One မှာ တွေ့မြင်ရပါမယ်။ ဖုန်းရဲ့ အဓိက ကင်မရာမှာ 8MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ 2G/3G မိုဘိုင်းကွန်ရက်တွေမှာသာမကဘဲ မြန်နှုန်းမြင့် မိုဘိုင်းကွန်ရက် 4G LTE မှာပါ သုံးစွဲနိုင်အောင်ဆောင်ရွက်ပေးထားပါတယ်။


စက်လည်ပတ်မှုစနစ်အတွက်ကိုတော့ နောက်ဆုံးပေါ် application များကို ထည့်သွင်းသုံးစွဲနိုင်စေဖို့ Marshmallow ကို သုံးပေးထားပါတယ်။ Card Slot စနစ် အသုံးပြု၍လည်း မှတ်ဥာဏ်ပမာဏ ကိုချဲ့ထွင်အသုံးပြုနိုင်ပါမယ်။ အားသွင်းအသုံးပြုရမယ့်ဘက်ထရီအမျိုးအစားကတော့ 2250mAh ဖြစ်ပါ တယ်။


<Specification>

Network - GSM/HSPA/LTE
Processor - Quad Core 1 GHz
Screen - 5 inches
Camera - 8 MP
Storage - 16GB
OS - Android
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com