3/04/2017

♪ “Singtech Infinity L1 Plus” Price - 135,000 Ks ♫

No automatic alt text available.

Singtech ရဲ့ ဖုန်းကောင်းများထဲတွင် တစ်လုံးအပါအ၀င်ဖြစ်သည့် Infinity L1 Plus သည် အရွယ် အစားကြီးမားကျယ်ပြန့်သည့် ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ ကာလာဒီဇိုင်းသည်လည်း စွဲမက်လှပသော အသွင်အပြင်ရှိပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ဟာ 5.5 inchesအကျယ်အ၀န်းရှိတာကြောင့် ပုံရိပ်များကို ကြည့်ရှုခံစားတဲ့အခါတွင် အားပါးတရမြင် တွေ့ရပါ တယ်။

မြင်ကွင်းစွမ်းရည် ကြည်လင်စေဖို့အတွက်လည်း 720× 1280 Pixels ပမာဏဖြင့် ထောက်ပံ့ ပေးထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင် ဘေးဘောင်များတွင် နေရာအလွတ် သိပ်မရှိဘဲ အပေါ်နှင့်အောက်ဘက်တွင်သာ နေရာလွတ်အနည်းငယ် ရှိပါမယ်။ ဖုန်းကိုယ်ထည်၏ ဘေးဘက်တစ်ချက်မှာတော့ ပါဝါခလုတ်နှင့် အသံအတိုး အချဲ့ခလုတ်တို့က နေရာယူထားပါတယ်။ ဆင်းကတ်ထည့်သွင်းနိုင်မှု အပိုင်း တွင် သုံးစွဲသူများအကြိုက်တွေ့စေရန်လည်း ဆောင်ရွက်ပေးထားပါတယ်။

ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး ထည့်သွင်းရမယ့် ဆင်းကတ်အမျိုးအစားကတော့ Micro Sim ပါ။ ဖုန်းရဲ့ Home Button နှင့် အခြား Button နှစ်ခုသည် Touch Screen ပေါ်တွင်သာ နေရာယူထားပါ တယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G/3G/4G ဖြစ်ပါ တယ်။ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 150×77.2×8.8 mm ဖြစ်ပါတယ်။ ကင်မရာရိုက်ကူး သည့်အခါတွင်လည်း ပုံရိပ်ကောင်းများကို ပေးစွမ်းနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီး ရှေ့ ကင်မရာငယ်ကတော့ 5MP စွမ်းရည်ရှိပါတယ်။

ဒါကြောင့် အနေအထား မျိုးစုံမှ ဓာတ်ပုံရိုက်ကူးသည့်အခါတွင် အရည်အသွေး ကောင်းမွန်သော ပုံများကိုရရှိပါမယ်။ ROM နှင့် RAM ပမာဏများ များပြားစွာပါရှိမှသာ ဖုန်းအသုံးပြုရတဲ့အခါတွင် အဆင်ပြေစေပါလိမ့်မယ်။ ယခုဖုန်းတွင်တော့ RAM ပမာဏဟာ 1GB ပါရှိပြီး Internal Storage အတွက်ကိုတော့ 16 GB ထောက်ပံ့ပေးထားပါတယ်။


<Specification>

Network - GSM/HSPA
Processor - Quad Core 1 GHz
Screen - 5.5 inches
Camera - 13 MP
Storage - 16GB
OS - Android OS, v 5.1
Contact - 09-253380008

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com