3/11/2017

♪ “Windows OS ကိုကျော်တက်တော့မယ့် Android” ♫

Image may contain: text

မကြာတော့တဲ့ အချိန်မှာပဲ Android က ကမ္ဘာ့ လူသုံးအများဆုံး Windows OS ကိုကျော်တက်တော့မယ့် အရိပ်အယောင်များကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလမှာ Windows Device များကနေ အင်တာနက် အသုံးပြုတဲ့ ပမာဏဟာ ၃၈.၆ ရာခိုင်နှုန်းရှိပြီး Android က ၃၇.၄ ရာခိုင်နှုန်းဖြင့် အမှီလိုက်နေတာကိုစစ်တမ်းအရသိရှိရပါတယ်။

စစ်တမ်းကို ပြုစုသူကအင်တာနက် ခွဲခြမ်းစိတ်ဖြာတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ StatCounter ဖြစ်ပါတယ်။ သူကရောင်းချရတဲ့ Devices အရေအတွက်ကို အခြေခံတာမဟုတ်ဘဲအင်တာနက် အသုံးပြုတဲ့ Device များကိုအခြေခံ တွက်ချက်တာ ဖြစ်ပါတယ်။

Android ဟာဖွံ့ဖြိုးဆဲနိုင်ငံများမှာ ၀င်းဒိုးရဲ့ ဈေးကွက်ဝေစုထက် များပြားနေ ပါသေးတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ၀င်းဒိုးရဲ့ ၂၉.၈ ရာခိုင်နှုန်း ကို Android က ၅၁.၈ ရာခိုင်နှုန်းဖြင့် အသာစီးရနေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ Android ဟာလူကြိုက်အများဆုံးဖြစ်ခြင်းနဲ့ မိုဘိုင်းဖုန်း၊ တက်ဘလက်များရဲ့ ရောင်းအားကောင်းနေခြင်းက Android ကိုအသာစီးရစေတာ ဖြစ်ပါတယ်။

မြောက်အမေရိကမှာတော့ ၀င်းဒိုးက ပထမ၊ iOS က ဒုတိယနဲ့ Android က တတိယနေရာဖြင့် ရပ်တည်နေပါတယ်။ အဲဒီနိုင်ငံရဲ့ ဈေးကွက်ဝေစုမှာ ၀င်းဒိုးက ၄၀.၇ ၊ iOS က ၂၄.၉ နဲ့ Android က ၂၀.၃ ရာခိုင်နှုန်း ဖြစ်ကြပါ တယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com