3/11/2017

♪ ၂၀၁၆ ခုနှစ်မှာ စမတ်ဖုန်း ရောင်းအား အကောင်းဆုံး Samsung ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/Samsung-Galaxy-S7-3-800x450.jpg?fit=800%2C450&ssl=1

Samsung ဟာ ၂၀၁၆ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်ခဲ့ပြီး Apple နဲ့ Huawei တို့က ဒုတိယနဲ့ တတိယနေရာကနေ အသီးသီး ရပ်တည်နေပါတယ်။ စစ်တမ်းကို ကောက်ယူတဲ့ အဖွဲ့အစည်းကတော့ Strategy Analytics ဖြစ်ပါတယ်။ Samsung ဟာ ယခင်နှစ်မှာ စမတ်ဖုန်း အလုံးပေါင်း ၃၀၈.၅ သန်း ရောင်းချခဲ့ရပါတယ်။

Apple ကတော့ ယခင်နှစ်မှာ စမတ်ဖုန်း အလုံးပေါင်း ၂၁၅.၅ သန်းရောင်းချခဲ့ရပါတယ်။ Huawei ရဲ့ Honor စမတ်ဖုန်းများကတော့ အလုံးရေ ၇၂.၂ သန်းနဲ့ Ascend စမတ်ဖုန်းများကတော့ အလုံးရေ ၆၅.၇ သန်း ရောင်းချခဲ့ရပါတယ်။ ရှောင်မီကတော့ စမတ်ဖုန်း အလုံးရေ ၄၆.၄ သန်း ရောင်းချခဲ့ရပါတယ်။

Oppo က R Series Smartphones အလုံးရေ ၃၈.၄ သန်း ရောင်းချခဲ့ရပါတယ်။ Vivo က X Series စမတ်ဖုန်း အလုံးရေ ၃၃.၇ သန်းနဲ့ Y Series စမတ်ဖုန်း အလုံးရေ ၂၅.၆ သန်း ရောင်းချခဲ့ရပါတယ်။ Strategy Analytics က တရုတ် စမတ်ဖုန်း ထုတ်လုပ်သူများဟာ Samsung နဲ့ Apple တို့ကို အမှီလိုက်ဖို့အတွက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို ထုတ်လုပ်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

Samsung ဟာ ယခင်နှစ်မှာ Note 7 စမတ်ဖုန်းများရဲ့ ဘက်ထရီ ပြဿနာများကြောင့် ပြန်လည်သိမ်းယူ ခဲ့ရပေမယ့် ရောင်းအားအကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် Note 7 စမတ်ဖုန်းများကြောင့် ကုမ္ပဏီရဲ့ အမြတ်ငွေဟာ အလွန်တရာ နည်းပါးခဲ့ပါတယ်။


Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com