3/11/2017

♪ “Huawei က P10 နဲ့ P10 Plus စမတ်ဖုန်းများကို မိတ်ဆက်” ♫

Image may contain: one or more people and people on stage

Huawei က MWC မှာ စွမ်းဆောင်ရည်မြင့် P10 နဲ့ P10 Plus စမတ်ဖုန်းများကို မိတ်ဆက်လိုက်ပါတယ်။ P10 ရဲ့ အနောက်ဘက်မှာ 20MP Camera ၂ လုံးနဲ့ အရှေ့ဘက်မှာ 12MP Camera ၁ လုံး တပ်ဆင်ထားပါတယ်။ကင်မရာများကို Leica က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

P10 မှာ ၅.၁ လက်မ Full HD Display, Huawei Kirin 960 Octa-Core CPU, 4GB RAM, 64GB Internal Storage, 3200mAh Battery, Anroid 7.0 တပ်ဆင်ထားပါတယ်။ P10 Plus နဲ့ P10 ဟာ Specification များစွာ တူညီကြပါတယ်။ ကွဲပြားချက်မှာ P10 Plus မှာ 128GB Storage နဲ့ 6GB RAM တပ်ဆင်ထားတာဖြစ်ပါတယ်။

လက်ဗွေရာအာရုံခံကိရိယာကို အရှေ့ဘက် ဖန်မျက်နှာပြင်အောက်ကို ပြောင်းရွှေ့ထားပါတယ်။ စမတ်ဖုန်းများရဲ့ ကင်မရာစွမ်းရည်ဟာ အလွန် ကောင်းမွန်ပါတယ်။ Huawei က Pantone နဲ့ ပူးပေါင်း၍ အဖြူ၊ ရွှေ၊ အနက်၊ ငွေ၊ နှင်းဆီရွှေရောင်များအပြင် အစိမ်းနဲ့ အပြာ အရောင်အသစ်များကိုလည်း ထုတ်လုပ်ပေး မှာဖြစ်ပါတယ်။


P10 ကို ယူရို ၆၄၉ ၊ P10 Plus 64GB ကို ယူရို ၆၉၉ နဲ့ P10 Plus 128GB ကို ယူရို ၇၉၉ သတ်မှတ်ထားပါတယ်။ Huawei ဟာ ယခင်နှစ် စတုတ္ထကွာတားမှာ စမတ်ဖုန်း ၄၀.၈၀၃ သန်း ရောင်းချခဲ့ရပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ၉.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com