3/07/2017

♪ “Vivo Y55” - Price 218,000 Ks ♫

Image may contain: phone

Y55 ရဲ့ ကိုယ်ထည်ဒီဇိုင်းဟာ သေသပ်လှပပြီး ထောင့်စွန်းများဟာ အ၀န်း အ၀ိုက်ပုံစံရှိပြီး ဘေးတစ်ဖက်တွင် အသံအတိုးအကျယ်ခလုတ်နှင့် Power ခလုတ်တို့ကို ထည့်သွင်းပေးထားပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G, 3G, 4G ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ခြင်းကြောင့် ဆင်းကတ် များစွာ သုံးစွဲသူများ အတွက် အဆင်ပြေစေကာ ခေတ်စနစ်နဲ့ လိုက်လျောညီထွေ ရှိသော ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ် အစား မှာ Micro နှင့် Nano Sim ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်အတွက် အသုံးပြုပေးထားသော Touch Screen အမျိုးအစားကတော့ IPS LCD Capacitive ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းဟာ 5.2 inches ရှိပါ တယ်။ မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေးထားသော Pixels ပမာဏ ကတော့ 720 × 1280 ဖြစ်ကာ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆဟာ 282 ppi ဖြစ်ပါတယ်။

ဖုန်းကိုယ်ထည် အရွယ်အစားပမာဏကတော့ 147.9 × 72.9 × 7.5 mm ဖြစ်ကာ အလေးချိန်မှာ 142g ရှိပါတယ်။ အဓိကကင်မရာရဲ့ စွမ်းရည်မှာ 8 MP (3264 ×2448 Pixels) ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5 MP စွမ်းရည်ရှိပါ တယ်။ ရှေ့ကင်မရာဖြင့် ပုံများကို ရိုက်ကူးတဲ့အခါတွင်လည်း အလင်း တောက်ပမှု ကိုပေးနိုင်ပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16 GB ပါရှိအောင် ဆောင်ရွက် ပေးထားပါတယ်။


CPU စွမ်းရည်တွင် Octa Core 1.4 GHz ကို သုံးစွဲပေးထား ခြင်းကြောင့် ဖုန်းအသုံးပြုတဲ့အခါတွင် လျင်မြန်သော တုံ့ပြန်မှုများကိုရရှိ ပါမယ်။ GPU စွမ်းရည်ကတော့ Adreno 505 ပါ။ သုံးစွဲနိုင်မယ့် Android Version မှာ 6.0 ဖြစ်ပြီး Funtouch OS ကို သုံးစွဲနိုင်ပါမယ်။ အားသွင်းအသုံးပြု ရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Po 2730mAh ဖြစ်ပါတယ်။


<Specification>

Network - GSM/HSPA/LTE
Screen - 5.2 inches
Memory - 16GB
Bluetooth - v4.2
CPU - Octa Core 1.4GHz
OS - Android OS, v6.0
Contact - 09-73171214

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com