3/07/2017

♪ “Huawei Mate 9” ♫

Image may contain: phone

ဒီဇိုင်းပိုင်းအနေနဲ့၅.၉လက်မမျက်နှာပြင်ရှိမှာဖြစ်ပြီးMate 9ကိုအလွန်ပါးလွှာ အောင်ဒီဇိုင်းထုတ်ထားပြီး အလွန်ကြည်လင်ပြတ်သားတဲ့2.5D Glass Screen တပ်ဆင်ထားပါတယ်။လှပတဲ့သတ္တုကိုယ် ထည်တပ်ဆင်ထားတာက လူတိုင်း ကိုမှင်သက်သွားစေမှာပါ။Display ရဲ့ ဘေးဘောင်များဟာလည်းMate 8 ထက်၃၀ရာခိုင်နှုန်းပါးလွှာပါတယ်။ မျက်နှာပြင်ရဲ့ပုံရိပ်ဖော်ပြနိုင်စွမ်း ကတော့1080 x 1920p ဖြစ်တာကြောင့်ပုံရိပ်တွေကိုအသေးစိတ်ဖော်ပြ နိုင်စွမ်းရှိပါလိမ့်မယ်။ ဖုန်းရဲ့ ဘေးဘက်များကိုလည်း လှပတောက်ပြောင် အောင်ဖန်တီးထားပါတယ်။Mate 9 မှာ4 Level Fingerprint နဲ့3D Fingerprint Recognition နည်းပညာများပါပါတယ်။ ဖိုင်များကိုဖွက်ထားနိုင်ပြီးသင့် လက်ဗွေရာနဲ့မှဖွင့်နိုင်ပါ တယ်

လက်ဗွေရာစနစ်ကMate 8 ထက်၂၀ရာခိုင်နှုန်း ပိုမိုမြန်လာပါတယ်။သုံးစွဲသူရဲ့Contacts, Photos, Apps များကိုPrivacy Space မှာသိမ်းထားနိုင်ပြီးလက်ဗွေရာတစ်ချက်တည်းနဲ့သုံးနိုင်ပါတယ်။ Privacy Space 2 နေရာကိုလက်ဗွေရာနှစ်ခုဖြင့်ဝင်နိုင်ပါတယ်။EMUI 5.0 ထည့်ထားတဲ့Huawei စမတ်ဖုန်းတွေကြားမှာလျင်မြန် လွယ်ကူစွာဖိုင်များ မျှဝေဖို့ Huawei Share ကိုအသုံးပြုနိုင်ပြီးဖုန်းအချင်းချင်းPair လုပ်စရာမလိုပါ ဘူး။ ဗီဒီယိုရိုက်ကူးတဲ့အခါမှာLens မျက်နှာလှည့်နေတဲ့ဘက်မှအသံများကိုသာ ဖမ်းယူပေးနိုင်မှာဖြစ်ပြီးမိုက် ကရိုဖုန်း၎လုံးတပ်ဆင်ထားပါတယ်။မိုက်ကရိုဖုန်းများမှာဖုန်းပြောဆိုမှုအသံအရည်အသွေး ကိုတိုးတက်စေဖို့အသံဆူညံမှုဖယ်ရှားပေးတဲ့နည်းပညာကိုအသုံးပြုထားပါတယ်။

Mate 9 ရဲ့EMUI 5.0နဲ့လှပစမတ်ကျတဲ့User Interface ကအလွန်ဆန်းသစ် ပါတယ်။စမတ်ဖုန်းနယ်ပယ်မှပညာရှင်အဖွဲ့ရဲ့ဆန်းသစ်တဲ့ဒီဇိုင်းကMate 9 ကိုအခြားစမတ်ဖုန်းများထက်သာလွန်စေတာပါ။Mate 9 မှာအလွန်လှပတဲ့ Animations များ၊Transitions များနဲ့အသံစွမ်းရည်များကိုခံစား ရမှာပါ။ စွမ်းရည် ကောင်းမွန်ဖို့အာရုံစိုက်ထားတဲ့ Interface ဒီဇိုင်းကြောင့်အဆင့်သုံးဆင့်တည်းနဲ့ သင်နှစ်သက်ရာ Menu Options အားလုံးကိုသုံးနိုင်ပါတယ်။EMUI 5.0 ကသင့်ရဲ့ Message, Alerts, Photos, Videos များကို နေရာချပေးပါ တယ်။အသုံးဝင်တဲ့Shortcuts များကWiFi ကိုဖွင့်ခြင်း၊Apps များရှာခြင်း၊ Notifications များကိုBlock ခြင်းများကိုလျင်မြန်စွာပြုလုပ်ပေးပါတယ်။ သုတေသနပြုလုပ်တဲ့အခါမှာမှားယွင်းနှိပ်မိခြင်းများ မရှိတာကိုတွေ့ရပါတယ်။


Huawei Mate 9 မှာKirin 960 Processor အသစ်တပ်ဆင်ထားပြီး ဥာဏ်ရည်မြင့် Machine Learning Algorithm ပါတဲ့အတွက်အမြန်နှုန်းကတော့ အံ့မခန်းပါပဲ။Hardware နဲ့Softwareတို့သင့်တင့်အချိုးကျစွာပူးပေါင်းအလုပ် လုပ်နိုင်တဲ့ စွမ်းရည်ကြောင့်Huawei Mate 9 ဟာအလွန်လျင်မြန်နေပါ တယ်။ ဘယ်လိုအလုပ်မျိုးကိုမဆို Huawei Mate 9 ကအလွန်လျင်မြန်စွာ လုပ်ပေးနိုင်ပါတယ်။Kirin 960 Processor တပ်ဆင်ထားတဲ့အတွက်Apps များအသုံးပြုခြင်း၊ဗီဒီယိုကြည့်ခြင်းနဲ့HD Games များကစားခြင်းတို့ပြုလုပ်ရင် စွမ်းဆောင်ရည်အလွန်ကောင်းမွန်ပါတယ်။ပရိုဆက်ဆာပိုင်းမှာဆိုရင်တော့ Core A73 2.4GHz လေးလုံးနဲ့Core A53 1.8GHz 4 လုံးတပ်ဆင်ထားတဲ့ ဆန်းသစ်တဲ့ ARM Cortex A73 CPU ကိုအသုံးပြုထားပါတယ်။ စွမ်းဆောင်ရည် အပိုင်းမှာ၁၈ရာခိုင်နှုန်းပိုမိုမြန်ဆန်လာပါတယ်။GPU ပိုင်းမှာ လည်းအံ့မခန်းMali-G71 Octa-Core GPU ကစွမ်းဆောင်ရည်ကို၁၈၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပါတယ်။LPDDR4 RAM အသစ်ကအမြန်နှုန်းကို ၄၀ရာခိုင်နှုန်းပိုမိုကောင်းမွန်စေပါတယ်။

ROM ပိုင်းမှာလည်းUFS 2.1 Flash Memory အသစ်ကြောင့် ဒေတာ ကူးပြောင်းမှု အမြန်နှုန်းဟာeMMC 5.1ထက်၁၀၀ရာခိုင်နှုန်းပိုမိုမြန်စေ ပါတယ်။ Vulkan Graphics Library ကဂိမ်းကစားတဲ့အခါမှာအသေးစိတ် ကျတဲ့ ပုံရိပ်များအတွက်ဖရိန်နှုန်းကို၂ဆထုတ်လုပ်ပေးပါတယ်။တုံ့နှေးခြင်းကိုMate 9 မှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ Huawei ရဲ့ဆန်းသစ်တဲ့Machine Learning Algorithm ကအသုံးပြုသူရဲ့အမူအကျင့်များကိုလေ့လာမှတ်သားထားပြီးCPU, RAM, ROM တို့ရဲ့အလုပ်များကိုဦးစားပေးစနစ်ဖြင့်လုပ်စေတဲ့အတွက် စွမ်းဆောင်ရည်တိုးတက်စေပါတယ်။Huawei Mate 9 ကApp ဦးစားပေး စနစ်ကို တည်ဆောက်ဖို့အသုံးပြုသူရဲ့အမူအကျင့်များကိုအလိုအလျောက် သင်ယူမှတ်သားထားပါတယ်။သူ့ရဲ့နည်းပညာကစွမ်းအင်အရင်းအမြစ်ကို အဆင်သင့်ဖြစ်ဖို့အသုံးပြုသူရဲ့ နောက်လုပ်မယ့်အလုပ်ကိုတွက်ချက် ပေးပါတယ်။ လုပ်ဆောင်ချက်များကိုCloud မှာမလုပ်ဘဲဖုန်းမှာလုပ်တဲ့အတွက် စွမ်းရည်နဲ့လုံခြုံမှုအပိုင်းမှာပိုမိုကောင်းမွန်ပါတယ်။ 


Smart Resource Allocation နည်းပညာကြောင့်Huawei Mate 9 ကစွမ်းဆောင်ရည် ကောင်းမွန်ဖို့ အတွက်CPU, RAM, ROM တို့ကိုဦးစားပေးစနစ်သတ်မှတ် ခြင်းဖြင့် စွမ်းအင်အရင်းအမြစ်များကိုအလိုအလျောက်စီမံခန့်ခွဲပါတယ်။ နောက်ကွယ်မှာRun နေတဲ့စွမ်းအင်သုံးမှုများတဲ့Apps များကိုပိတ်ပေးပါတယ်။ CPU ရဲ့တွက်ချက်မှုကိုတိုးတက်စေပါတယ်။RAMအတွက်မန်မိုရီကို လှည့်ပတ် ရှင်းလင်းပေးပါတယ်။အသုံးများတဲ့Apps များအတွက်မန်မိုရီများကိုဖန်တီး ပေးပါတယ်။ ROM မှာလည်းStorage များတဲ့အတွက်အလုပ်များကိုတွင်ကျယ် စွာလုပ်နိုင်ပါတယ်။F2FS File System အသစ်ကI/O Storageစွမ်းရည်ကို တိုးတက်စေ ပါတယ်။ဒီစနစ်ကဓာတ်ပုံများပိုမိုလျင်မြန်စွာကြည့်နိုင်ဖို့ Database Engine ကို မြန်ဆန်စေပါတယ်။ လက်ဖြင့်ထိတွေ့မှုကိုလျင်မြန်စွာ တုံ့ပြန်နိုင်ပါတယ်။

Huawei Mate 9 ဟာအလွန်ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံများကိုဖမ်းယူ ပေးပါတယ်။သူ့ရဲ့ဒုတိယမျိုးဆက် Leica Dual Camera ကဘယ်တုန်းကမှ မရခဲ့ဖူးတဲ့အသေးစိတ်ကျတဲ့ဓာတ်ပုံများကိုရိုက်ကူးနိုင်ပါ တယ်။12MP RGB Sensor နဲ့20MP Monochrome Sensor နှစ်လုံးကိုအနောက်ဘက်မှာပူးတွဲ တပ်ဆင်ထားတဲ့ဒုတိယမျိုးဆက်Leica Dual Camera ပါပါတယ်။RGB Sensor ကအရောင်စုံရိုက်ကူးပေးနိုင်ပြီးMonochrome Sensor ကအသေးစိတ်ကျစွာ ဖမ်းယူ ပေးပါတယ်။စွမ်းဆောင်ရည်မြင့် ကင်မရာကဓာတ်ပုံတိုင်းကိုLeica စံနှုန်းနဲ့ကိုက်ညီစေပါတယ်။Mate 9 မှာဓာတ်ပုံရိုက်ကူးတဲ့စွမ်းရည်များစွာပါတဲ့ အတွက်ဘယ်လိုအချိန်မှာဖြစ်ဖြစ်ပရော်ဖက်ရှင်နယ်အရည်အသွေးဓာတ်ပုံများကိုဖမ်းယူပေးပါတယ်။ ကောင်းမွန်တဲ့Hybrid Zoom စွမ်းရည်ပါတဲ့အတွက် Mate 9 ကLeica အရည်အသွေးဓာတ်ပုံများကိုFocal Length ကြီးကြီးဖြင့် ရိုက်ကူး ပေးပါတယ်။Refocusing စွမ်းရည်ကြောင့်လူနဲ့အရာဝတ္ထုများကို ဓာတ်ပုံရိုက်ကူးပြီးမှ နောက်ခံကိုBlur လုပ်နိုင်ပါတယ်။အဲဒီအတွက်အဓိက ကျတဲ့ လူနဲ့အရာဝတ္ထုများကိုထင်ရှားစွာမြင်ရမှာပါ။စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီးမှ Focus ကို နောက်မှာ အေးအေးဆေးဆေးလုပ်နိုင်ပါတယ်။Autofocus ပါတဲ့ 8MP Selfie Camera ပါပါတယ်။ကင်မရာမှာစွမ်းဆောင်ချက်များစွာပါတဲ့ အတွက်Selfie များကိုလျင်မြန်စွာရိုက်ကူးနိုင်ပါတယ်။သင်ပြုံးလိုက်တာနဲ့ ကင်မရာကဓာတ်ပုံရိုက်ပေးဖို့သတ်မှတ်နိုင်ပါတယ်။Fingerprint Sensor ပေါ်လက်တင်လိုက်တာနဲ့ဓာတ်ပုံရိုက်နိုင်ပါတယ်။မျက်နှာကိုလှပစွာရိုက်ကူး ပေးတဲ့စွမ်းရည်ကသင့်မျက်နှာကိုအာရုံခံပြီးလှပမှုများကို ဖြည့်စွက်ပေးပါ တယ်။

Huawei Mate 9 ရဲ့ဘက်ထရီသက်တမ်းကအံ့မခန်းပါပဲ။အရွယ်ကြီးမားတဲ့ 4000mAh Battery နဲ့စမတ်ကျတဲ့စွမ်းအင်ချွေတာတဲ့နည်းပညာကြောင့် အားအပြည့် သွင်းထားရင်၂ရက်ကြာအသုံးခံပါ တယ်။၂၀မိနစ်အားသွင်းရုံဖြင့် တစ်နေ့တာလုံးအသုံးခံပါတယ်။4.5V Low-Voltage Input နဲ့5A Charging Current ကြောင့်Huawei Super Charge နည်းပညာဟာကမ္ဘာ့အမြန်ဆုံး အားသွင်းစနစ်ထဲမှာပါဝင်ပါတယ်။ Mate 8 ထက်၅၀ရာခိုင်နှုန်းပိုမြန်ပါတယ်။ Voltage, Current, Temperature တို့အတွက်အလွှာ၅ခုဖြင့်ထိန်းချုပ်ထားတဲ့ အတွက်အားသွင်းရာမှာလုံခြုံစိတ်ချရပြီးMate 9 ကိုလျင်မြန်စေပါတယ်။ Huawei Mate 9 ရဲ့အလွန်ကြီးမားတဲ့4000mAh Battery ကစမတ်ဖုန်း ဘက်ထရီ စံနှုန်းကိုအဆင့်တစ်ဆင့်တိုးမြှင့်ပေးပါတယ်။ဘက်ထရီနဲ့အတူ Huawei ရဲ့စမတ်ကျတဲ့စွမ်းအင်ချွေတာတဲ့နည်းပညာထည့်ပေး ထားပါ တယ်။ အလုပ်များကိုအချိန်ကြာကြာလုပ်နိုင်မှာပါ။ အားအပြည့်သွင်းထားရင်၂၀နာရီ ကြာဗီဒီယို ကြည့်နိုင်ပါတယ်။ ၁၀၅နာရီကြာသီချင်းနားထောင်ခြင်း၊၃၀နာရီကြာ3G Voice Call ပြုလုပ်ခြင်း၊၂၀နာရီကြာ 4G Browsing လုပ်နိုင်ခြင်းတို့ကိုပံ့ပိုး ပေးပါတယ်။

တစ်ကမ္ဘာလုံးမှကွန်ရက်များစွာကိုထောက်ပံ့ပေးခြင်းနဲ့Dual SIM ထည့်သုံးနိုင် ခြင်းကMate 9 ဟာတစ်ကမ္ဘာ လုံးမှာသုံးနိုင်တဲ့စမတ်ဖုန်းပါ။ဖုန်းပြောတဲ့ အသံအရည်အသွေးကောင်းမွန်ခြင်း၊ တည်ငြိမ်တဲ့အင်တာနက် ဆက်သွယ်မှု၊ စွမ်းအင်စားသုံးမှုနည်းပါးခြင်းစတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားပါတယ်။Five 2G Bands, 10 3G Bands, 20 4G Bands အပါအ၀င်Frequency Bands များစွာကိုထောက်ပံ့ပါတယ်။နိုင်ငံပေါင်း၂၁၇နိုင်ငံမှ Carrier ပေါင်း၁၃၃၄ခုကို ထောက်ပံ့ပေးတဲ့အတွက်ဘယ်နေရာသွားသွားဆက်သွယ်နိုင်ပါတယ်။SIM Slot 2 ခုပါပါတယ်။Nano SIM+ MicroSD Slot နဲ့ဒုတိယတစ်ခုကတော့ WCDMA, GSM တို့ကို ထောက်ပံ့ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com