3/07/2017

♪ " အူရီဒူးမြန်မာမှ ဆင်းကတ်မှတ်ပုံတင် မပြုလုပ်ရသေးသူများထံသို့ ဖုန်းဖြင့် အကြောင်းကြားကူညီပေးလျက်ရှိ " ♫

Image may contain: text

အူရီဒူးမြန်မာမှ ဆင်းကတ်မှတ်ပုံတင် မပြုလုပ်ရသေးသူများထံသို့ ဖုန်းဖြင့် အကြောင်းကြားကူညီပေးလျက်ရှိကြောင်း သိရှိရသည်။ ဖုန်းဆက်အကြောင်းကြားပြီး အွန်လိုင်းမှတစ်ဆင့် ဆင်းကတ်မှတ်ပုံတင်နည်းနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖွင့်လှစ်ထားသော အူရီဒူးအရောင်းဆိုင်ပေါင်း (၁၀၀) ကျော်ထဲမှာ မိမိနှင့်အနီးဆုံးဆိုင်သို့ ကိုယ်တိုင်သွားရောက် မှတ်ပုံတင်နည်းတို့ကို ရှင်းပြခြင်းဖြင့် ကူညီလုပ်ဆောင်ပေး လျက်ရှိသည်

" ယခု ၂၀၁၇ ဇန်န၀ါရီလကုန်အထိမှာဆိုရင် အူရီဒူးရဲ့ ဆင်းကတ်အသုံးပြုသူ (၆၀) ရာခိုင်နှုန်းကျော်ဟာ အောင်မြင်စွာနဲ့ ဆင်းကတ်မှတ်ပုံတင်ပြီး ဖြစ်ပါတယ်။ ဆင်းကတ်မှတ်ပုံတင်ရန် ကျန်ရှိတဲ့ရက်ဟာ အလွန်ကိုနီးကပ်လာပြီဖြစ်တဲ့အတွက် မှတ်ပုံတင်ရန် ကျန်ရှိနေသူများကို အချိန်မီမှတ်ပုံတင်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ် " ဟု အူရီဒူးမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အူရီဒူး၏ ဆင်းကတ်ကို အသုံးပြုသူများအနေဖြင့် *666# သို့ဖုန်းခေါ်ဆိုခြင်း၊ www.ooredoo.com.mm ၀က်ဘ်ဆိုဒ်မှတစ်ဆင့် မှတ်ပုံတင်ခြင်း၊ my Ooredoo App မှတစ်ဆင့် မှတ်ပုံတင်ခြင်း၊ SMS ပေးပို့ခြင်းဖြင့် မှတ်ပုံတင်ခြင်းတို့ဖြင့် မိမိကိုယ်တိုင် လွယ်ကူစွာဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်နိုင် မည်ဖြစ်သည်။

ထို့အပြင် သုံးစွဲသူများထံသို့ အရောက်သွားပြီး ဆင်းကတ်မှတ်ပုံတင်ခြင်းကို ပြုလုပ်ပေးရန်အတွက် Ooredoo On the Move အစီအစဉ်၊ သုံးစွဲသူများနှင့် ခြေတစ်လှမ်းနီးဖို့ရာအစီအစဉ်များကို ပြုလုပ်ခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com