3/04/2017

♪ “Gionee က Selfie အသားပေး A1 နဲ့ A1 Plus ကိုမိတ်ဆက်” ♫

Image may contain: phone

Gionee က MWC မှာစမတ်ဖုန်းအသစ် ၂ လုံးကိုမိတ်ဆက်လိုက်ပါတယ်။ Gionee A1 နဲ့ A1 Plus မှာအရွယ်ကြီးမားတဲ့ ဘက်ထရီများတပ်ဆင်ထားပြီး Selfie Photo ကောင်းများရိုက်ကူးနိုင်အောင် ဖန်တီးထားပါတယ်။ အသံ အရည်အသွေးကိုလည်းအထူးပြုလုပ်ပေးထားပါတယ်။

အရွယ်သေး A1 မှာ ၅.၅ လက်မFullHD AMOLED Display , MediaTekHelio P10 Chipset, 4GB RAM, 64GB Storage , Android Nougat , 13MP Main Camera, 16MP Front Camera , 4010mAh Battery များတပ်ဆင်ထားပါ တယ်။ Dual SIM Phone ဖြစ်ပြီးအညို၊ အနက်၊ ရွှေရောင်များထုတ်လုပ်ပေး ထားပါတယ်။

အရွယ်ကြီး A1 Plus မှာ ၆ လက်မFullHD Display , 4550mAh Battery , MediaTekHelio P25, 4GB RAM, 64GB Storage တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ 5MP Camera ၂ လုံးကိုပူးတွဲတပ်ဆင်ထား ပါတယ်။ အရှေ့ဘက်မှာ 20MP Camera ပါပါတယ်။ အရောင်နဲ့ Android OS ကတော့ A1 နဲ့ တူညီပါတယ်။

A1 Plus မှာ လျင်မြန်စွာအားသွင်းနိုင်တဲ့ 18W Ultrafast Charge နည်းပညာ ပါလာပါတယ်။ MaxxAudioရဲ့ အသံအရည်အသွေးတိုးမြှင့်ပေးတဲ့ စပီကာ များလည်းတပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ IR Blaster ကိုတပ်ဆင် ထားပါတယ်။

A1 ကိုယူရို ၃၄၉ ၊ A1 Plus ကိုယူရို ၄၉၉ သတ်မှတ်ထားပါတယ်။ A1 ကို မတ်လမှာအိန္ဒိယနဲ့ နီပေါတွင် စတင် ရောင်းချမှာ ဖြစ်ပြီး A1 Plus ကိုဧပြီမှာ ရောင်းချမှာပါ။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com